Intro

40.9K 2.2K 129
                                    

// Unicode //
~~~~~~~~~~

အသုံးဆောင်တချို့နှင့် အသင့်စားသုံးနိုင်သည့်စားစရာများထည့်‌ထားသော ပလက်စတစ်ပုံးကြီးကိုကြည့်ကာ ဘုန်းပြည့်ဇံတစ်ယောက်ရှုံ့မဲ့သွားသည်။ ကိုကိုကတော့ ဒီအလုပ်က ကုသိုလ်ရတယ်လို့ပြောပေမဲ့ သူက ကုသိုလ်မှမလိုချင်ဘဲ။

" ဘာလုပ်နေတာလဲ၊ သယ်လာခဲ့လေ ဇံ "

သိပ်မလေးသော ပလက်စတစ်ပုံးအပြာရောင်ကို ပင့်သယ်ရင်း အစ်ကိုဖြစ်သူအနောက်ကလိုက်သွားတဲ့ ဇံ..။

သူတို့ရောက်နေတာ မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော ရွာလေးတစ်ရွာဖြစ်သည်။ အိမ်ခြေထူထပ်သောရွာလေးမှာ မုန်တိုင်းဒဏ်ကိုအတော်လေးခံလိုက်ရရှာသည်။ လူအသေအပျောက်လည်းရှိ၍ လာရောက်လှူဒါန်းကြသော ပရဟိတအဖွဲ့တွေမှာ စိတ်မကောင်းဖြစ်ရသေးသည်။ မိန်းကလေးတချို့ဆို ငိုကြ၏။

" ဒီမုန့်တွေစားပြီး အားရှိအောင်နေနော် "

ကလေးလေးတစ်ယောက်ကို မုန့်တွေပေးပြီး စကားပြောနေတဲ့ အစ်ကိုဖြစ်သူအား ဇံ ကြည့်နေသည်။ အနားရောက်နေတဲ့ သူ့ကိုပြန်လှည့်ကြည့်ရင်း အစ်ကိုကဆိုသည်။

" ဘယ်လိုခံစားရလဲ "

" ဘာကိုလဲ "

" အခုလို ခက်ခဲနေတဲ့သူတွေကို ကူညီရတာလေ "

" မဆိုးပါဘူး "

သူပြောလိုက်တော့ အစ်ကိုဟာ ခပ်ဟဟရယ်သည်။

နှစ်ယောက်သား လျှောက်လာရင်း အိမ်တစ်အိမ်ရှေ့သို့ရောက်လာကြသည်။ တခြားအိမ်တွေမှာ ထွက်ကြည့်နေတဲ့လူတွေရှိသော်လည်း ဓနိမိုးထားတဲ့ ထိုတဲလေးမှာတော့ လူမတွေ့ရ။

" ကြည့်လုပ်လိုက်တော့နော်၊ ငါဟိုဘက်အိမ်တွေ သွားလိုက်မယ် "

အစ်ကိုကပြောပြီး အရှေ့သို့ဆက်လျှောက်သွားသည်။ ပစ္စည်းများထည့်ထားသည့် ပုံးကြီးကိုသယ်လို့ လူမတွေ့ရသော ထိုအိမ်လေးထဲသို့ ဇံ ဝင်လာခဲ့သည်။ တဲကလေးက အနည်းငယ်မှောင်ပြီး ကျဉ်းကျဉ်းနိမ့်နိမ့်လေးဖြစ်၏။ အရပ်နဲ့တောင် မလွတ်သော အိမ်အပေါက်ဝကို ခေါင်းငုံ့ပြီးဝင်လိုက်ရသည်။

BLUE 【 Completed 】Where stories live. Discover now