SEQUEL - 2

5.6K 745 84
                                    

// Unicode //
~~~~~~~~~~

" မင်းအတည်ပြော‌နေတာလား ဇံ "

အစ်ကိုဖြစ်သူရဲ့ အတည်ပြုသလိုလို၊ မသင်္ကာသလိုလိုအမေးကို ခေါင်းတစ်ချက်ညိတ်ရုံသာ သူတုံ့ပြန်လိုက်၏။ ထိုအခါ ကိုကိုက သူ့မျက်မှန်ဝိုင်းကိုချွတ်ပြီး လက်တော့ပ်ကိုလည်း ပိတ်ပစ်လိုက်သည်။

" ငါ ကန့်ကွက်တာတော့မဟုတ်ပါဘူး၊ ဒါပေမဲ့ကွာ.. Blue နဲ့ မင်းက.. အရမ်း... "

သူ့ကိုကြည့်နေတဲ့ ကိုကိုက စကားကိုဆက်မပြော။ မျက်မှောင်ကြုတ်ထားတဲ့ ကိုကိုဟာ တစ်ခုခုကို အလေးအနက်တွေးတောကာ စိတ်ရှုပ်နေသလိုပင်။

" ဘယ်လိုပြောရမလဲ၊ အဲ့ဒီကလေးနဲ့ မင်းက.. "

" ကလေးမဟုတ်ဘူး "

" ဒါကတော့ မင်းအပြောပဲလေ၊ ဘယ်သူ့ကိုမေးမေး Blue က ၁၆ နှစ် ကလေးလို့ပဲဖြေကြမှာ "

" ကိုကို လက်မခံဘူးလား "

" အဲ့လိုလည်းမဟုတ်ဘူးလေကွာ.. "

တစ်ဦးတည်းသော မိသားစုဝင်မို့ တိုင်ပင်ရခြင်းပင်။ ကိုကို့ပုံစံက ကန့်ကွက်နေတာလည်းမဟုတ်။ လက်ခံတာလားဆိုတော့လည်း မဟုတ်ပြန်။

" ငါက မင်းကိုသေချာစဉ်းစားစေချင်တာကွာ နားလည်လား၊ Blue က အခု ငယ်... "

" မငယ်ပါဘူးဆိုဗျာ.. "

" အေး ထားပါတော့၊ ဒါပေမဲ့ သူ့ပုံစံက တကယ်ကလေးပဲလေ၊ ဒါတော့ မင်းလက်ခံရမယ် ဟုတ်တယ်မလား၊ အဲ့ဒါကြောင့် မင်းတို့ကို အလောတကြီးမဆုံးဖြတ်ဘဲ အချိန်ယူစေချင်တယ် "

ကိုကိုပြောတာကို သူလက်ခံပါသည်။

" ဇံ .. အခု‌ခေတ်ကြီးမှာ တစ်ယောက်နဲ့တစ်‌ယောက် လက်ထပ်တယ်ဆိုတာ အရမ်းလွယ်တယ်၊ လက်ထပ်ပြီးမှ ပြန်ကွဲသွားကြတဲ့သူတွေလည်းရှိတယ်၊ နာမည်တစ်ခုပဲ အဖက်တင်ကျန်ခဲ့တာမျိုး ငါမင်းကိုမဖြစ်စေချင်ဘူး၊ ငါပြောတာ မင်းနားလည်တယ်မလား ဇံ "

" ကျွန်တော် နားလည်ပါတယ် "

ထိုအခါ ဘုန်းမာန်ပြည့်ရဲ့ မျက်နှာမှာ အပြုံးတစ်ခုကိုမြင်လိုက်ရပြီး မျက်ဝန်းအကြည့်တွေကတော့ ညီဖြစ်သူအား ကလေးတစ်ယောက်ကိုကြည့်သလို ရွှန်းရွှန်းစားစားကြည့်နေသည်။ လက်ကလည်း ဘုန်းပြည့်ဇံ၏ ဆံပင်ညိုညိုတွေကို ဖွလိုက်ရင်း...

BLUE 【 Completed 】Where stories live. Discover now