Episode - 16

9.3K 1.2K 95
                                    

// Unicode //
~~~~~~~~~~

အဆက်မပြတ်ခေါက်နေသောတံခါးသံကြောင့် ဘုန်းပြည့်ဇံ နိုးလာသည်။ ထရန်ပြင်မှ ညှက်စိက သူ့‌လက်မောင်းပေါ်ရောက်နေတာသိရသည်။ နဖူးကိုစမ်းကြည့်တော့ အဖျားမရှိတော့။ အိပ်မောကျနေတာကြောင့် ညှက်စိကို‌လက်ပေါ်မှအသာလေးဖယ်ကာ သူထလာခဲ့သည်။

တံခါးကိုဇွတ်အတင်းခေါက်နေသည့်ကောင်ဟာ သူထင်သည့်အတိုင်း ရှိုင်းသော်တာပင်။ အုန်းလက်နှင့်လုပ်ထားသောဦးထုတ်ကိုဆောင်းပြီး နေကာမျက်မှန်အမည်းကြီးတပ်ထားသည်။ ဒူးလောက်ရှိသော တိုနှံ့နှံ့ဘောင်းဘီနဲ့ကောင်ဟာ သူ့မျက်စိထဲမှာ ကျပ်မပြည့်တဲ့အရူးလိုလို..။

" ဘာလဲ "

" မင်းတို့ကိုလာခေါ်တာလေ၊ ဖုန်းဆက်တာမကိုင်လို့ "

" နောက်မှလာမယ်၊ ငါအိပ်ချင်သေးလို့ "

" ဟိုကလေးရော "

" အိပ်နေတယ် "

ထိုအခါ မျက်မှန်ကိုချွတ်ပြီး မျက်ခုံးပင့်ပြသည်။ ရုပ်ကိုက ပြောင်စပ်စပ်။

" မင်းက ဘာလို့အိပ်ချင်နေတာလဲ "

" ညက နောက်ကျမှအိပ်ရလို့ "

တကယ်လည်း ဖျားနေသည့်ညှက်စိကိုစောင့်ကြည့်ရင်း ညကနောက်ကျခဲ့သည်။ ဒါကိုတော့ ရှိုင်းသော်တာအားပြောမနေတော့ပါ။

" ဟိုကလေးကရော ဘာလို့မထသေးတာလဲ "

" သူလဲနောက်ကျလို့ "

ထိုအခါ ရှိုင်းသော်တာရဲ့မျက်နှာက ပိုပြီးစပ်ဖြီးဖြီးဖြစ်လာ၏။ အနားကိုကပ်လာပြီး ပြောသည်က..

" မင်းနော်.. ကလေးပဲရှိသေးတာကို "

အိပ်ရေးပျက်လို့စိတ်ရှုပ်ရတဲ့ကြားထဲ ပေါက်ကရ‌တွေလာပြောနေတဲ့ကောင်ကို သူစိတ်မရှည်တော့။ အခန်းထဲကိုလည်း လှမ်းချောင်းနေသေးသည်။

" နိုးရင် ထွက်လာကြနော် "

" အေး "

BLUE 【 Completed 】Where stories live. Discover now