Episode - 19

8.1K 1.1K 66
                                    

// Unicode //
~~~~~~~~~~

ဈာပနအခမ်းအနားတစ်ခု။ လူများများစားစားတက်ရောက်ခြင်းမရှိတဲ့ထိုနေရာမှာ သျှန်လင်းထက်ကိုလည်း သတိထားမိသူမရှိ။

" နာရေးဖိတ်စာက ဘာလို့ဆွေမျိုးတွေမပါတာလဲ "

ကြားလိုက်ရတဲ့ အူကြောင်ကြောင်စကားကြောင့် လင်းထက် ‌မျက်မှောင်ကြုတ်၏။ 

" ဆွေမျိုးရေးရအောင် တစ်မျိုးလုံးကြွသွားတာမှမဟုတ်တာ၊ ပြီးတော့ နာရေးက မင်္ဂလာဆောင်မဟုတ်ဘူး "

" ဪ... "

ခေါင်းတညိတ်ညိတ်လုပ်နေသူကို အာရုံထဲထားမနေဘဲ တစ်စုံတစ်ယောက်ကိုသာ သျှန်လင်းထက် ရှာနေသည်။ မစန္ဒာဆိုသူဖြစ်၏။ ထိုဈာပနကို သံသယဝင်နေသည့် မိမိသူငယ်ချင်း ဘုန်းမာန်ပြည့်ကြောင့် သူရောက်နေခြင်းပင်။ ဒါကို ဘယ်ကချောင်းနေမှန်းမသိတဲ့ Dylan ဆိုသူက သူ့အနောက်က ကောက်ကောက်ပါအောင်လိုက်လာလေသည်။

" အဲ့မိန်းမကို ဘာလို့အသည်းအသန်လိုက်‌နေကြတာလဲ "

Dylan က နားမလည်သလို‌ပုံနှင့် မေးခြင်း။

" မသိဘူး "

သူနှင့် စကားပြောချင်စိတ်မရှိသေးတာကြောင့် သျှန်လင်းထက် ခပ်ပြတ်ပြတ်သာဖြေလိုက်သည်။ သို့သော် အရိပ်သုံးပါးနားမလည်သူဆီက စကားတချို့ထပ်ကြားရပြန်သည်။

" တကယ်ဆို အဲ့ဒီမိန်းမက ငွေအလွဲသုံးစားလုပ်မှုတွေအများကြီးလုပ်ထားတာ၊ ထောင်ချလိုက်လို့ရပြီလေ မဟုတ်ဘူးလား "

ထိုစကားကြောင့် သျှန်လင်းထက် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

" သူငွေအလွဲသုံးစားလုပ်တာ ခင်ဗျားကဘယ်လိုသိလဲ၊ သက်သေရောရှိလို့လား "

" ကိုယ်သိတယ်ဆိုတာက သူ့အမျိုးသားက ကိုယ့်မိတ်ဆွေလေ၊ လုပ်ငန်းတွေလဲ စပ်တူလုပ်ထားတာတွေရှိတော့ သိနေတာပါ၊ သက်သေကတော့.. သူ့အမျိုးသားရဲ အတွင်းရေးမှူးဆီမှာပဲ ရှိပါလိမ့်မယ် "

" ခင်ဗျားက ဘာလို့အခုမှပြောနေတာလဲ၊ မာန်တို့ကိုတော့ မပြောဘဲနဲ့ "

" သူတို့က မေးမှမမေးတာ "

လူ့ဂွစာနှင့်ဆက်မပြောချင်တာကြောင့် သူကပဲလက်လျှော့လိုက်ရသည်။ ထိုအချိန် သူတို့အနားမှဖြတ်လျှောက်သွားသည့် အမျိုးသမီးတစ်ယောက်။ သူမက မစန္ဒာ။

BLUE 【 Completed 】Where stories live. Discover now