Episode - 12

9.5K 1.3K 142
                                    

// Unicode //
~~~~~~~~~~

" ဒါတွေကိုရှင်းစမ်း ဘုန်းမာန်ပြည့် "

မျက်စိရှေ့သို့ရောက်လာသော ဓာတ်ပုံများစွာကြောင့် သူဆွံ့အသွားမိသည်။ ပုံတိုင်းဟာ ရှိုင်းနဲ့သူနှစ်ယောက်တည်းရှိချိန်က ပုံတွေချည်း။ ပုံထဲတွင် နှစ်ယောက်သားရဲ့မျက်နှာမှာပြုံးရွှင်နေပြီး တချို့ပုံများတွင် ရှိုင်းက သူ့လက်ကိုကိုင်ထားသည်။

" ပြောလေ ဘုန်းမာန်ပြည့်၊ အဲ့ဒါ ဘယ်ကကောင်လဲ၊ မင်းနဲ့ဘယ်လိုပက်သတ်လဲ "

ဖေဖေ့အသံထဲတွင် ‌ဒေါသရိပ်တွေလွှမ်းနေ‌သည်။ ဖေဖေ့ဘေးတွင်တော့ မစန္ဒာဟာ ကော်ဖီခွက်ကိုင်ထားရင်း ငြိမ်ငြိမ်သက်သက်ထိုင်နေသည်။

" သူက ဇံ့သူငယ်ချင်းပါ၊ ညီလေးရဲ့သူငယ်ချင်းမို့လို့ ကျွန်တော့်ညီလိုပဲ သဘောထားတာ၊ သူကလည်း ကျွန်တော့်ကိုအစ်ကိုလိုခင်နေတာပါပဲ ဖေဖေ "

" မင်းပြောသလောက်ရိုးရှင်းရင် ဒီပုံတွေရောက်လာစရာအကြောင်းမရှိဘူး "

သူ့အကြည့်တွေဟာ မစန္ဒာထံသို့ရောက်သွား၏။ ထိုအခါ သူမက တစ်ဖက်သို့အကြည့်လွှဲသွားလေသည်။ ဘုန်းမာန်ပြည့် သက်ပြင်းတစ်ချက်ကိုလေးပင်စွာချလိုက်မိသည်။

" မင်းက ငါ့ကို မျက်နှာပျက်ရအောင်မလုပ်ဘူးဆိုတာ ယုံပြီးသား၊ ဒါကြောင့် ရှုပ်ရှုပ်ယှက်ယှက်တွေမကြားချင်ဘူး မာန် "

" ကျွန်တော်နားလည်ပါတယ် "

ဖေဖေ ဧည့်ခန်းထဲမှထွက်သွားသည်။ မစန္ဓာဆိုသူနှင့် နှစ်ယောက်တည်းရှိမနေချင်တာကြောင့် သူလည်း အပေါ်ထပ်သို့တက်ရန်ပြင်စဉ် ထိုအမျိုးသမီးဟာ လက်ကိုလာဆွဲလေသည်။

" တကယ်ဆို အဲ့ဒီပုံတွေက အိမ်ကိုရောက်နေတာကြာပြီ၊ မာန့်ဖေဖေမမြင်ခင် တို့အရင်မြင်ခဲ့တာ၊ မာန်တို့သားအဖတွေ ပြဿနာတက်မှာစိုးလို့မပြဘဲထားမလို့ပါပဲ၊ ဒါပေမဲ့ မာန့်ဖေဖေက အိမ်ထောင်ဦးစီးလေ၊ လျှို့ဝှက်ထားလို့မကောင်းဘူးမလား "

" ရပါတယ် မစန္ဒာ၊ ကျွန်တော်လည်း ကိုယ်ဘာလုပ်နေတယ်ဆိုတာကိုသိတာမို့လို့ ဒီဓာတ်ပုံ‌တွေကို ဖေဖေမြင်လဲဘာမှမဖြစ်ပါဘူး "

BLUE 【 Completed 】Where stories live. Discover now