Episode - 21

8.8K 1.2K 195
                                    

// Unicode //
~~~~~~~~~~

" ကျွန်တော့်သားလေ၊ ဒီ‌နှစ်ထဲမှာပဲ လုပ်ငန်းပိုင်းတချို့ကိုစပြီးလေ့လာတော့မှာ "

ဖေဖေက သူ့မိတ်ဆွေတချို့နှင့်မိတ်ဆက်ပေးတော့ သျှန်လင်းထက် အချိုသာဆုံးပြုံးထားရသည်။ လုပ်ငန်းရှင်တချို့နှင့်ရင်းနှီးအောင်ဆိုကာ ဖေဖေခေါ်လို့လိုက်လာသော်လည်း သျှန်လင်းထက်ကတော့ စရောက်ကတည်းက မိတ်ဆက်ပေးတဲ့လူတွေဆီမှာ အာရုံမရှိ။ သူ့စိတ်က တစ်စုံတစ်ယောက်ဆီမှာ။ ခန်းမထဲကိုစဝင်လာကတည်းက တွေ့လိုက်မိတဲ့လူကို သူမသိမသာရှာမိသည်။ တွေ့ချင်လို့တော့မဟုတ်ချေ။ ပေါ်လာရင် ရှောင်လို့ရအောင်သာဖြစ်သည်။

သူရောက်နေတာ စက်ရုံဖွင့်ပွဲအခမ်းအနားတစ်ခုဖြစ်ပြီး လုပ်ငန်းရှင်ကြီးများနှင့် အရာရှိတချို့လည်းတက်ရောက်ကြသည်။ ထိုလူတွေကြားထဲ Dylan ဆိုသူကိုပါ တွေ့လိုက်ရတာကြောင့် လာမိတာကိုနောင်တရသွားသူကတော့ သျှန်လင်းထက်ပင်။ အခုတော့ သူ့ကိုမတွေ့တော့တာကြောင့် အနည်းငယ်နေသာထိုင်သာနေရှိတယ်ဆိုရမည်။

" ဘယ်လိုလဲ အန်ကယ်လ်တို့ "

သျှန်လင်းထက်ရဲ့ကြည်လင်စပြုလာပြီဖြစ်တဲ့စိတ်လေးက ကြားလိုက်ရတဲ့အသံကြောင့် ပြန်ပြီး‌‌နောက်ကျိသွား၏။ တစ်ခုံသာလွတ်နေတဲ့ဝိုင်းမှာ ထိုခုံအလွတ်ကလည်း သူ့ဘေးမှာ။

" မင်းခရီးသွားမှာဆို ‌စိုင်း "

စိုင်း ဆိုတဲ့ထိုနာမည်ဟာ ဖေဖေ့ဆီမှထွက်လာခြင်းဖြစ်ပြီး သူ့ဘေးကလူကိုမေးလိုက်ခြင်း။ သူ့နာမည်ဟာ Dylan မဟုတ်လား။ စိုင်းဆိုတာက ထိုလူ သူ့ကိုမြင်မြင်ချင်းခေါ်သည့်နာမည်။ ထိုနာမည်နဲ့ပဲ ဘာကြောင့် သူ့ကိုခေါ်နေကြတာလဲ။

" ဟုတ်တယ် အန်ကယ်လ်၊ ဒီတစ်ခါတော့ ဘယ်လောက်ကြာမယ်မသိသေးဘူး "

တန်ဖိုးကြီးရေမွှေးနံ့သင်းသင်းကအစ သူ့အတွက် စိတ်ရှုပ်စရာ။ အပြုံးမျက်နှာနှင့်လူကို လူကြီးတွေရဲ့မျက်လုံးထဲမှာသဘောကျသည့်အရိပ်ယောင်တွေမြင်ရသည်။ သူကတော့ ဒီလူကိုမြင်တာနှင့် ဝေးဝေးသွားချင်၏။

" ဒါအန်ကယ့်လ်သားလေ စိုင်း၊ မင်းထက်တော့ငယ်တယ်၊ သူ့ကို အလုပ်ထဲဆွဲထည့်တော့မှာမို့လို့ မင်းကလည်းတွဲခေါ်ပါဦး "

BLUE 【 Completed 】Where stories live. Discover now