Episode - 22

8.6K 1.2K 36
                                    

// Unicode //
~~~~~~~~~~

" ဒါ.. ဒါတွေအကုန်... ကျွန်တော့်ကိုပေးတာလား.. "

အံ့အားသင့်ကာ မယုံနိုင်သလိုမေးတဲ့သူ့မေးခွန်းကို Dylan ဆိုတဲ့လူက ခေါင်းညိတ်ရုံသာတုံ့ပြန်သည်။ သျှန်လင်းထက်မှာ အံ့ဩလွန်းတာကြောင့် စကားလုံးများပင်ပျောက်ရှနေ၏။ Dylan သူ့ကိုပေးသည်က ငွေပမာဏများစွာရှိသည့် ဘဏ်အကောင့်များ၊ အိမ်ခြံမြေပိုင်ဆိုင်မှုစာရွက်စာတမ်းများဖြစ်သည်။

" ခင်ဗျားက.. တရားမဝင်တာတွေလုပ်တာလား "

" စဉ်းတောင်မစဉ်းစားဖူးပါဘူး "

" အခု.. ကျွန်တော့်ကိုဒါတွေပေးပြီး ခင်ဗျားကထွက်ပြေးဖို့လုပ်နေတာလား "

သူ့စကားအဆုံး ခပ်ဩဩရယ်သံကိုကြားရလေသည်။

" ဘာတွေပြောနေတာလဲ၊ ကိုယ်သွားတော့မယ်လို့ မင်းကိုပြောတယ်လေ၊ ဒါတွေကို ပေးစရာလူမရှိဘူး၊ ဒီနေရာမှာ ကိုယ်ယုံတာ မင်းပဲရှိတာ "

ယုံတယ်ဆိုရအောင်လည်း Dylan နှင့် သူ့ရဲ့ဆက်ဆံရေးက ဘာမှန်းတောင်မရေရာ။ မျက်စိရှေ့က ပိုင်ဆိုင်ကြောင်းစာချုပ်စာတန်းတွေက အတုတွေရော မဖြစ်နိုင်ဘူးလား..။

" မင်းယုံလို့ရပါတယ်၊ အတုတွေမဟုတ်ဘူး "

" ဘာပဲဖြစ်ဖြစ်ပါ.. ကျွန်တော်က ဘာကိစ္စယူရမှာလဲ "

" ကိုယ်စောင့်နေတဲ့သူက မင်းလေ.. "

စူးရှသယောင်မျက်ဝန်းတွေဆီက ရှောင်လွှဲမိသူက သျှန်လင်းထက်ပင်။

" မယူဘူး "

" ဘာလို့လဲ..၊ မင်းလုပ်ချင်တာလုပ်လို့ရပါတယ်၊ ကိုယ်လဲပြန်မတောင်းပါဘူး "

" ခင်ဗျားမလိုရင်.. လှူလိုက်တာက ပိုမကောင်းဘူးလား၊ ကျွန်တော်ကတော့ မယူချင်ဘူး "

" လှူရမယ်.. "

သူက တစ်ခုခုကိုစဉ်းစားရင်း ခေါင်းတညိတ်ညိတ်လုပ်နေ၏။

" ကောင်းပြီလေ၊ မင်းပဲလှူပေးပါလား "

သျှန်လင်းထက် စိုက်ကြည့်လိုက်တော့ သူက ပြုံးကာ မေးဆတ်ပြသည်။ ဘယ်လိုလဲဆိုသည့် သဘော။

BLUE 【 Completed 】Where stories live. Discover now