Episode - 18

8.3K 1.2K 105
                                    

// Unicode //
~~~~~~~~~~

စီစဉ်ထားသည့်အတိုင်းလုပ်ရတာ မလွယ်ကူလှ။ သို့သော်လည်း အောင်မြင်ခဲ့သည်။ ဧကရီ ပို့လိုက်တဲ့ ဖုန်းနံပါတ်တွေကိုစစ်ကြည့်တော့ ဖေဖေ့ရဲ့ရှေ့နေဖြစ်သည့် ဦးမင်းမြတ်ဆိုသူနှင့် ဆက်သွယ်ထားတာသိလိုက်ရသည်။ ဦးမင်းမြတ်ဟာ ဖေဖေအားကိုးရတဲ့ရှေ့နေတစ်ဦးဖြစ်သလို အရင်းနှီးဆုံးမိတ်ဆွေဆိုလည်းမမှား။

" ငါသွားမေးသင့်လား "

" အေး ငါတော့မေး‌သင့်တယ်လို့ထင်တယ် "

" သွားမယ် "

" ငါပါလိုက်ရမှာလား "

" မလိုက်နဲ့၊ မင်းငါ့ကိုတစ်ခုကူညီ၊ ရဲတွေဆီသွားပြီး ဖြစ်စဉ်အကြောင်းနည်းနည်းမေးကြည့်ကွာ၊ ရေလောင်းသင့်ရင်လောင်းလိုက် "

ရှိုင်းသော်တာနှင့်ပြောပြီး သူလည်းထွက်လာခဲ့သည်။ ဦးမင်းမြတ်ဆီလာရာလမ်းတွင် သူ့ခေါင်းထဲအတွေးပေါင်းစုံကဝင်‌ရောက်စိုးမိုးထား၏။ ဖေဖေ့ရဲ့ရှေ့နေ့ဖြစ်သူနှင့်ပါ အဆက်သွယ်ရှိရလောက်တဲ့အထိ ထိုအမျိုးသမီးက အရေးပါနေသလား။

သူရောက်သွားချိန်မှာ ဦးမင်းမြတ် အိမ်တွင်မရှိ။ အလုပ်ကိစ္စနှင့်ခရီးလွန်နေသည်တဲ့။ သို့သော် ဖုန်းအဆက်သွယ်ရလိုက်သည်။

* မင်းအဖေရဲ့ သတင်းကြားတော့ အန်ကယ်လ်လဲ တော်တော်ရှော့ခ်ရသွားတယ်၊ ပြီးခဲ့တဲ့ လေးရက်လောက်ကမှ သေတမ်းစာကိစ္စပြောနေသေးတာ *

" ဖေဖေနဲ့ ပြောတာလား အန်ကယ်လ် "

* မင်းအဖေနဲ့ကပြောပြီးပြီ၊ စန္ဒာက အဲ့ဒီကိစ္စပဲ ဆွေးနွေးချင်တာရှိတယ်ဆိုပြီး အန်ကယ့်လ်ကိုဖုန်းဆက်တာ၊ ငါကလည်း ခရီးလွန်နေတော့ နောက်မှတွေ့မယ်ဆိုပြီးချိန်းလိုက်တာ *

" ဪ.. ဟုတ်ကဲ့ပါ၊ ကျွန်တော်လည်း အန်ကယ်လ်နဲ့ပြောစရာလေးရှိလို့၊ ပြန်လာမှပဲ အေးဆေးတွေ့ပါ့မယ် "

ဦးမင်းမြတ်နှင့်ဖုန်းပြောပြီးချိန်မှာတော့ ဘုန်းပြည့်ဇံရဲ့သံသယမီးတောက်ကပိုကြီးထွားလာသည်။ ထိုအချိန်မှာပဲ ရှိုင်းသော်တာဆီမှ အကြောင်းအရာတချို့ထပ်သိရလေသည်။

BLUE 【 Completed 】Where stories live. Discover now