Episode - 1

16.3K 1.9K 75
                                    

// Unicode //
~~~~~~~~~~

" အဲ့ဒီညှက်စိကို မိဘမဲ့ဂေဟာပို့လိုက် "

ညီဖြစ်သူရဲ့စကားကြောင့် မျက်လုံးပြူးရသူက ဘုန်းမာန်ပြည့်ပင်။

" ဘာလို့လဲ၊ ငါတို့မွေးလို့ရတာပဲလေ ဇံရ "

ဘုန်းပြည့်ဇံက စိတ်ပျက်သလို ကျစ်ခနဲစုပ်သတ်လိုက်လေသည်။ ထို့နောက် မကြည်ဖြူသလိုမျက်နှာထားနှင့် မျက်ခုံးတို့တွန့်ချိုးကာဆိုသည်မှာ..

" ကလေးတစ်ယောက်မွေးတာ လွယ်တယ်ထင်နေလား၊ စာချုပ်စာတန်းလဲမရှိဘူး၊ ပြီး‌တော့ ဖေဖေကရော လက်ခံမှာတဲ့လား "

" အုပ်ထိန်းသူကိုယ်တိုင်ထည့်လိုက်တာလေကွာ၊ ဖေဖေ့ကိုလည်း ငါပြောပါ့မယ် "

အဘွားကြီးကိုသာ သနားပြီးခေါ်လာတာ။ ဒီကလေးကိုမွေးစားဖို့ ပြင်ဆင်ထားတာဘာမှမရှိ။ အားနာတဲ့စိတ်တစ်ခုတည်းနှင့် ဇွတ်လုပ်တတ်သော အစ်ကို့ကိုတော့ သူလက်မြှောက်ပါသည်။ ‌

" ကျွန်တော်ပြောချင်တာက ကိုကိုလည်းလူလွတ်တစ်ယောက်လေဗျာ၊ ပြီးတော့ အလုပ်လည်းရှိတယ်၊ အဲ့ကလေးညှက်စိကို‌ဘယ်လောက်ကြာကြာ အာရုံစိုက်နိုင်မှာလဲ၊ အဲ့ဒါကြောင့် မိဘမဲ့ဂေဟာပို့လိုက် "

" ‌မင်းပြောတာကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ ခေါ်လာပြီးမှတော့ လက်လွတ်စပယ်မလုပ်တော့ဘူးလေကွာ နော်၊ ဖေဖေ့ကိုငါပြောမှာပါ၊ စိတ်ချ မင်းအဆူမခံစေရဘူး "

စိတ်အားထက်သန်နေသော အစ်ကိုကြောင့် သူလည်းဘာစကားမှဆက်မပြောချင်တော့ပါ။ ကိုယ်တာဝန်ယူရတာမှမဟုတ်တာလေ။ သူအဆင်ပြေရင် ပြီးတာပဲမဟုတ်လား။

" ‌ကလေးကို‌တော့ မင်းဆီမှာခဏထားမယ်လေ "

" အင်း.. ဟမ်.. ဘာ !? "

" ဪ.. ကလေးကို မင်းဆီမှာခဏခေါ်ထားပေးပါလို့၊ မင်းကတစ်ယောက်တည်းနေတာလေ "

" မရပါဘူး၊ ရှုပ်ရှုပ်ယှက်ယှက်တွေမကြိုက်ဘူး "

ထို့သို့ပြောလိုက်တော့ ဘုန်းမာန်ပြည့် တစ်ယောက်အကြပ်ရိုက်သွား‌သလိုပင်။ အကူညီတောင်းစရာ သူတစ်ယောက်တည်းရှိတဲ့ပုံစံနှင့် သနားစရာကောင်းအောင်ဆိုသည်မှာ..

BLUE 【 Completed 】Where stories live. Discover now