Episode - 6

10.2K 1.5K 175
                                    

// Unicode //
~~~~~~~~~~

တစ်ယောက်တည်းနေစဉ်က ဖြစ်သလို၊ ကြိုက်သလိုစားသောက်နေသော်လည်း ညှက်စိနှင့်ရှိုင်းသော်တာ ရောက်လာမှ မီးဖိုချောင်ဝင်ရသည့်ဘဝ‌ရောက်သွားသည်။

" မင်းရေချိုးထား၊ ခဏနေ ငရှိုင်းရောက်လာမှာ "

အရင်ကထက် သူ့စကားကိုနားလည်လာသည်။ တစ်ခါတလေတော့ ခြေဟန်လက်ဟန်သုံးကာပြောရသည်။ အခုလည်း ရေချိုးခန်းရှိရာသို့ လက်ညှိုးညွှန်ပြရင်းပြောလိုက်ခြင်းဖြစ်၏။ နားလည်သွားသည့် ညှက်စိက ချက်ချင်းပဲ အခန်းထဲသို့ပြေးဝင်သွားလေသည်။

ဘုန်းပြည့်ဇံ အိမ်ရှေ့တွင် ဖုန်းပွတ်ရင်းထိုင်နေစဉ်မှာ ရေချိုးခန်းထဲမှ ကျယ်လောင်သည့်ရေသံများကိုကြားလိုက်ရသည်။ ညှက်စိရဲ့ အမြှီးရှည်ကြီးထွက်လာခြင်းပဲဖြစ်မည်။ ရက်ပိုင်းအတွင်းမှာပဲ ထိုအသံနှင့်ရင်းနှီးသွားတဲ့ သူ့အတွက်တော့ အရင်လိုအပြေးအလွှားသွားကြည့်စရာမလိုတော့။

Facebook တွင်တက်လာသည့် အကြောင်းအရာများမှာလည်း စိတ်ဝင်စားစရာမရှိ၍ လိုင်းပိတ်ပစ်လိုက်သည်။ ဟိုအရင် ဒီလိုအချိန်ဆို ဘုန်းပြည့်ဇံတစ်ယောက် tattoo studio ရောက်နေပြီဖြစ်၏။ အခုတော့ ညှက်စိဆိုသည့် သတ္တဝါလေးကြောင့် သူအိမ်တွင်းအောင်းနေရတာ အတော်ကြာပြီ။ နှစ်ပတ်လောက်ပင်ရှိတော့မည်။

ဘုန်းပြည့်ဇံ တွေးမိသည်။ သူဒီအတိုင်းပဲနေလို့တော့မဖြစ်ချေ။ သူ့မှာ အလုပ်ရှိသေးသည်။ တစ်နေ့တစ်နေ့ ထိုအကောင်ပေါက်ရဲ့ဝေယျာဝစ္စတွေနှင့် အချိန်ကုန်နေလို့မဖြစ်တော့။ ညှက်စိက ကလေးဖြစ်နေရင်လည်းကောင်းသား။ အခုတော့ လူကြီးမကျ၊ ကလေးမကျအရွယ်ကို သူ့မှာထားစရာမရှိဖြစ်နေ‌ရပြီ။

" ဇံ "

တစ်ယောက်တည်းအတွေးများနေစဉ် ခေါ်သံကြောင့်လှည့်ကြည့်လိုက်ရာ..

" ... "

ဘုန်းပြည့်ဇံ မျက်လုံးများပြူးကျယ်သွား၏။ အကြောင်းရင်းမှာ သူ့အရှေ့ကညှက်စိဟာ အဝတ်စားမပါဘဲ မတ်တပ်ရပ်နေသည်‌လေ။

" မင်းဘာလုပ်နေတာလဲ !!! "

သူအော်လိုက်သော်လည်း ညှက်စိက မျက်လုံးအဝိုင်းသားဖြင့်စိုက်ကြည့်နေဆဲ။ လက်ထဲတွင် ဆုတ်ပြဲသွားသော အဝတ်စားများကိုင်ထားသည်။ ထိုအခါမှ ဘုန်းပြည့်ဇံ သဘောပေါက်သွားသည်။ ညှက်စိက ရေသူထီးအသွင်သို့ပြောင်းချိန် ခန္ဓာကိုယ်အချိုးအစားကပါပြောင်းလဲသွား၍ အဝတ်စားများဆုတ်ပြဲကုန်တာဖြစ်မည်။

BLUE 【 Completed 】Where stories live. Discover now