Episode - 3

12.4K 1.6K 166
                                    

// Unicode //
~~~~~~~~~~

" တကယ်ပဲ ဘာမှမပြောတတ်တာလား၊ ဟို.. မင်းရဲ့အဘွားဆိုတဲ့ ဘွားတော်ကြီးနဲ့ကျတော့ ခေါင်းညိတ်တယ်လေ၊ အခု ငါပြောတာကိုနားလည်ရင် ခေါင်းညိတ် ခေါင်းခါတော့လုပ်ကွာ "

အရုပ်ကို အရှေ့ချပြီးစကားပြောနေရသလိုပင်။ ကြည်လဲ့နေသောမျက်ဝန်းတွေနဲ့သာ မျက်တောင်မခတ်စတမ်းကြည့်နေသည့် ညှက်စိဟာ သူပြောတာတွေနားလည်ပုံမရ။ သူကလည်း ရေသူထီးစကားမတတ်တော့အခက်သား။

" မင်းအသက် ၁၆ နှစ်လောက်တော့ရှိမှာပေါ့၊ ထားပါတော့ မင်းစကားလည်းပြောတတ်ရဲ့သားနဲ့ မပြောဘဲနေလို့မရဘူး၊ ငါ့အစ်ကိုက မင်းကိုကျောင်းထားမှာနော်၊ ကျောင်းမှာ ဒီလိုလုပ်နေရင် အရိုက်ခံရမယ် သိလား "

ဘုန်းပြည့်ဇံရဲ့အကြည့်တွေက ဘေးကခေါင်းအုံးဆီရောက်သွားသည်။ အကြံတစ်ခုဝင်လာတဲ့အခိုက် ထိုခေါင်းအုံးကိုယူကာ နှစ်ချက်‌လောက်ရိုက်ရင်း နှုတ်ကရေရွတ်လိုက်သည်မှာ...

" စကားမပြောချင်ဦး ကဲကွာ.. ကဲကွာ...မှတ်ပလား "

ထိုအရာကအလုပ်ဖြစ်၊ မဖြစ်တော့မသိ။ သူ့ကိုကြည့်နေသည့် ညှက်စိရဲ့မျက်ဝန်းတွင် မျက်ရည်တွေဝဲလာတာသတိထားမိသည်။

" စကားမပြောရင် အဲ့လိုရိုက်မှာ၊ နားလည်လား "

ထိုစဉ် ညှက်စိက ရုတ်တရက်ပဲ ထိုင်နေရာမှထကာ ဆိုဖာအနောက်ထဲဝင်သွားလေသည်။ ဘာလုပ်မှန်းမသိ၍ သူလည်းထကြည့်လိုက်တော့ ညှက်စိ‌တစ်ယောက် ဆိုဖာအနောက်တွင် ဒူးနှစ်ဖက်ပိုက်ကာကျုံ့ကျုံ့လေးထိုင်နေ၏။

ဝင်ပုန်းနေတာပေါ့လေ..။

" ပုန်းရမယ်ဆိုတာတော့ နားလည်သားပဲ၊ ထွက် "

ကရုဏာသက်ချင်စရာမျက်နှာလေးဖြင့် သူ့အားမော့ကြည့်သည်။ ညှက်စိဟာ သူထင်ထားသလောက် မတုံးအတဲ့အကြောင်း ဘုန်းပြည့်ဇံ အလိုလိုနားလည်လိုက်လေသည်။

" လာ "

လက်ကမ်းပေးကာခေါ်လိုက်တော့ မလာသေးဘဲ ပြန်ကြည့်နေသေးသည်။ ကလေးတွေဟာ အချော့ကြိုက်သည်တဲ့။ ချော့ရတာစိတ်မရှည်သော်လည်း ညှက်စိဆီမှ အကြောင်းအရာတစ်စုံတစ်ခုသိလိုသိငြား ချော့ပေါင်းကြည့်ရမည်။

BLUE 【 Completed 】Where stories live. Discover now