" I'm not Mieo , I'm Blue "

9.2K 1.2K 124
                                    

// Unicode //
~~~~~~~~~~

ဟူး...

သက်ပြင်းချသံသဲ့သဲ့ဟာ သူ့ရဲ့နောက်ကျောဘက်မှလာသည်။ ထို့နောက် ခါးပေါ်ကိုလက်တစ်ဖက်ရောက်လာ၏။ သိပ်မကြာလိုက်။ ထိုလက်ကိုပြန်ရုတ်သွားပြီး သူ့ကိုယ်ပေါ်ခြေထောက်တစ်ချောင်းရောက်လာပြန်သည်။

" ဇံ.. ဇံ အိပ်ပြီလား "

" မင်းငြိမ်ငြိမ်မနေတာ ငါဘယ်လိုအိပ်လို့ရမှာလဲ "

ပြောကာ ညှက်စိနှင့် မျက်နှာချင်းဆိုင်အနေထားဖြစ်အောင် ဘုန်းပြည့်ဇံ ကိုယ်ကိုလှည့်လိုက်သည်။ ကုတင်အစွန်းတွင် ‌လက်တစ်ဖက်နှင့် ခြေတစ်ဖက်ကို အောက်သို့ချထားပြီးတွဲလောင်းပုံစံနှင့် ညှက်စိက သူ့ကိုကြည့်နေသည်။ သူအိပ်မပျော်တိုင်း တစ်ချက်မှအငြိမ်မနေတော့ ‌ဘေးက ဘုန်းပြည့်ဇံမှာလည်း အိပ်လို့မရပေ။

" အိပ်မပျော်ဘူးလား "

မေးလိုက်တော့ ခေါင်းလေးညိတ်ပြသည်။ ဘုန်းပြည့်ဇံ လက်နှစ်ဖက်ဆန့်တန်းကာခေါ်တော့ ကိုယ်ကိုတစ်ပတ်လှိမ့်ရင်း ရင်ခွင်ထဲရောက်လာသည်။ မျက်လုံးအဝိုင်းသားနှင့်ညှက်စိက တစ်ညနေလုံးအိပ်ထားတာကြောင့် ညဘက်မှာအိပ်မပျော်တော့ခြင်းဖြစ်မည်။

" ဇံ.. "

ရုတ်တရက်ခေါ်ကာ မော့ကြည့်လေသည်။ ထိုအချိန် သူကလည်း ရင်ခွင်ထဲကကောင်လေးကိုငေးနေမိတာကြောင့် အကြည့်ချင်းဆုံသွား၏။ သူ့အားမမှိတ်မသုဉ်ငေးနေသည့်မျက်ဝန်းအိမ်တွေဟာ ငြိမ်သက်နေသည်။ ဘုန်းပြည့်ဇံ တဖြည်းဖြည်းခေါင်းငုံ့သွားကာ ညှက်စိရဲ့နှုတ်ခမ်းပါးတွေဆီ ဦးတည်လိုက်‌လေသည်။

" ဗိုက်ဆာတယ်.. "

ထိုစကားကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေတိခနဲရပ်သွားရ၏။ လူကိုဖီးလ်ငုတ်သွားအောင်လုပ်နိုင်သည့် သကောင့်သားလေးကိုကြည့်လိုက်တော့ အောက်နှုတ်ခမ်းကိုက်ကာ အပြစ်ကင်းသည့်ရုပ်လေး။

" ဇံ.. ဗိုက်.. "

" ကျွေးမယ် !! "

ခြုံထားသည့်စောင်ကိုဖယ်ကာ ဆောင့်‌အောင့်ပြီးထွက်သွားသည့် ဘုန်းပြည့်ဇံ။ အခန်းထဲကျန်ခဲ့သည့် ညှက်စိမှာတော့ နားမလည်သလို အူကြောင်ကြောင်နှင့်..။

BLUE 【 Completed 】Where stories live. Discover now