SEQUEL - 3

8.1K 738 138
                                    

// Unicode //
~~~~~~~~~~

ဘုန်းမာန်ပြည့်နှင့် ရှိုင်းသော်တာတို့ရဲ့ အိမ်တွင်ဖြစ်သည်။

" မင်းကရေသူထီးဆို.. ဟို.. မင်းရဲ့အမြှီးလေးမပြချင်ဘူးလားဟင်.. ခဏလေးပဲကြည့်မယ်လေ၊ တစ်မိနစ်တည်း.. "

" ရှိုင်းရယ် တော်ပါတော့၊ ကလေးစိတ်ညစ်ပြီး ထိုင်ငိုသွားပါဦးမယ်ကွာ "

အခန်းထဲမှထွက်လာသည့် မာန်ကပြောတော့ ရှိုင်းတစ်ယောက်နှာ‌ခေါင်းရှုံ့လေသည်။ Blue က ရေသူထီးဆိုတာသိနေပေမဲ့ သူ့ရဲ့ရေသူထီးအသွင်ကိုတစ်ခါမှမမြင်ဖူးတာမို့ မြင်ချင်မိတာ သူ့အပြစ်တော့မဟုတ်ချေ။ သို့သော်လည်း လူတစ်ပိုင်းငါးတစ်ပိုင်းကောင်လေးက တွန့်တိုစွာ သူ့အမြှီးကိုထုတ်မပြ။ ကြည့်ချင်လွန်းလို့ ချော့ကာမြှူကာနဲ့ဝယ်ကျွေးထားတဲ့သကြားလုံးတွေပဲ ထိုင်စားနေပြီး အမြှီးပြခိုင်းချိန်မှာ မသိချင်ယောင်ဆောင်သည်။

" ကိုကို ဘယ်သွားမလို့လဲ "

" ကိုယ့်သူငယ်ချင်းနဲ့ ချိန်းထားလို့၊ ခဏပါပဲ နေ့လည်စာစားပြီးပြန်လာမှာ "

" ဟို သျှန်လင်းထက်ဆိုတဲ့ ဘဲကြီးပဲလား "

ရယ်စရာမပါတဲ့သူ့စကားကို ကိုကိုကရယ်တယ်။ ဒီနေ့လို မင်္လာနှစ်ပတ်လည်နေ့လေးမှာ နှစ်ယောက်တည်းအတူရှိ‌သင့်တာမလား။ ဒါကို ကိုကိုက သူ့သူငယ်ချင်းနဲ့ သွားတွေ့ဦးမယ်တဲ့။ တွေ့မှာကလည်း သျှန်လင်းထက်ဆိုတဲ့ လူနဲ့။

" ဒီနေ့ ဘာနေ့လဲသိလား ကိုကို "

သူ့အမေးကို ကိုကိုချက်ချင်းပြန်မဖြေနိုင်။ အလုပ်‌များတဲ့ကိုကိုက မင်္ဂလာနှစ်ပတ်လည်နေ့ကိုမေ့နေလည်း သူစိတ်မဆိုးပါ။ ဒါပေမဲ့လည်း သူ့ကိုပစ်ထားပြီး တခြားတစ်ယောက်နဲ့သွားတွေ့မှာကိုတော့ ရှိုင်းသော်တာ သိပ်ဘဝင်မကျချင်။

" ဒီနေ့... စနေနေ့လေ "

" .... "

" ဟုတ်တယ်မလား "

" ဟုတ်တယ် "

အိမ်အပေါက်ဝမှာရပ်နေတဲ့ကိုကိုက ခေါင်းကုပ်ပြီး ထပ်စဉ်းစားနေသေး၏။ 

" သွားမယ်ဆို သွားတော့လေ "

" အင်း.. အပြန်ကျ ဘာဝယ်ခဲ့ရမလဲ "

BLUE 【 Completed 】Where stories live. Discover now