Episode - 14

9K 1.3K 97
                                    

// Unicode //
~~~~~~~~~~

" မာန် "

တံခါးမခေါက်ဘဲ အခန်းထဲဝင်လာသူမှာ မစန္ဒာဆိုသည့် အမျိုးသမီး။ အကဲခတ်တတ်သူဆိုလျှင် ဘုန်းမာန်ပြည့်ရဲ့ စိတ်ပျက်သည့်အငွေ့သက်တွေ ဖြတ်ပြေးသွားသောမျက်နှာကို သတိထားမိလိမ့်မည်။

" ဒီညနေပဲ မာန့်ဖေဖေ အလုပ်ကိစ္စနဲ့ခရီးသွားတယ်နော် "

ထိုအကြောင်းကို သူမသိသေး။ ဖေဖေမအားသလို သူတို့အတူမ‌ဆုံဖြစ်တာကြောင့် မပြောမိတာပဲဖြစ်မည်။ စားပွဲပေါ်မှကားသော့နှင့် ကုတင်ပေါ်မှမလှန်းရသေးသော ကုတ်အင်္ကျီကိုယူလိုက်သည်။ ဖေဖေမရှိတဲ့အိမ်မှာ သူမနေချင်ပါ။ အထူးသဖြင့် ထိုအမျိုးသမီးနှင့်အတူရှိမနေချင်။

" ဘယ်ကိုလဲ မာန် "

" ဒီည ကျွန်တော် ဇံ့ဆီမှာအိပ်ဖြစ်မယ် "

" နေပါဦး မာန်ရဲ့ "

လက်မောင်းကိုလာတွဲသော လက်တစ်စုံ။ အနည်းငယ် ရင်ဟိုက်သောညအိပ်ဝတ်စုံကိုဝတ်ဆင်ထားသည့် မစန္စာဆီမှ သူအကြည့်လွှဲလိုက်သည်။

" မာန်အိမ်ထောင်ကျပြီးရင် မာန့်ဖေဖေက လုပ်ငန်းတွေလွှဲပေးတော့မယ်တဲ့ "

" အဲ့ဒီတော့ "

" မာန့်ဖေဖေက ပိုင်ဆိုင်မှုတွေခွဲပေးတာတောင် ဇံ့ကိုပိုပိုသာသာပေး‌ချင်နေတာလေ၊ ဒါပေမဲ့ ဇံကစိတ်မဝင်စားတော့ အကုန်လုံး မာန်ပဲရမှာပါ "

" ပြောချင်တာက ဘာလဲ မစန္စာ "

" ဘာလဲဆိုတော့ အချိန်ဆွဲမနေဘဲ ရွှေစင်နဲ့လက်ထပ်လိုက်ပါ မာန် "

" အဲ့ဒါ ကျွန်တော့်ကိစ္စ၊ ကျွန်တော်ဆုံးဖြတ်မယ် "

" မာန့်ဖေဖေရဲ့ဆန္ဒက သူမသေခင် သူ့လုပ်ငန်းတွေနဲ့ပိုင်ဆိုင်မှုတွေအားလုံး မာန်တို့ဆီရောက်သွားကိုမြင်ချင်တာပဲ၊ သူ့ကိုလည်းသနားပါဦး မာန်ရယ်.. အသက်ကြီးနေပါပြီ "

မျက်နှာဖုံးတွေကွာကျစေနိုင်တဲ့အထိ လူတွေရဲ့လောဘစိတ်ဟာ ကြောက်စရာကောင်းသည်။ ဟန်ဆောင်ပြီး‌တောင်မဖုံကွယ်နိုင်တဲ့ လောဘတွေနှင့်အမျိုးသမီးဆီက အချင်းမများချင်တာကြောင့် ဘုန်းမာန်ပြည့် ထွက်လာရန်ပြင်သည်။

BLUE 【 Completed 】Where stories live. Discover now