အပိုင်း (22)

1K 145 1
                                    

22. ဆောင်းဦးပုံပြင်

စုန့်ချီယန် တစ်ယောက် သူမလေးရဲ့ ခြေလှမ်းတွေက နှေးလွန်းတာကြောင့်
သူ့ကို သူမလေးမှီဖို့ အတွက် ခဏစောင့်လိုက်တယ်။ သူ့ကို မှီလာတဲ့ အခါ သူ့ရဲ့ ကျောပိုးအိတ်လေး ကို ဘယ်ဘက် ပုခုံး မှာ လွယ်လိုက်ပီးတော့ ရှလျောင် ရဲ့ ပိုက်ဆံအိတ်လေး ကို ညာဘက် ​လက်ကနေ  ယူလိုက်တယ်။ ပြီးတော့ သူမလေးနဲ့ အတူတူ သူ့ရဲ့ လမ်းလျောက် ပုံကိုနှေး လိုက်တယ်။ 

  ရှလျောင် တစ်ယာက် နည်းနည်း စိတ်မသက်မသာ ဖြစ်သလို ခံစား လိုက်ရတယ်။

" ဟမ်း....စီနီယာ အကို... ။ ကျွန်မ ကို့ဘာသာ ကိုယ် သယ်လိုက်ပါ့မယ်။ အကို့ရဲ့ ကျောပိုးအိတ် က အလေးကြီးလေ....''

စုန့်ချီယန် က ချက်ချင်း ခေါင်းကိုခါ ပြီးတော့ ပြန်ပြောလိုက်တယ်။

" ကိုက ယောကျာ်းလေး..... ''

ဟုတ်ပါပီ......, သူမတော့ အဲ့ စကား တစ်ခွန်းကြောင့်  လုံးဝ ပါးစပ်ပိတ် သွားတယ်။ ရှလျောင် ထပ်ပြီးတော့ ဘာဆက် ပြောရမှန်းတောင် မသိတော့ဘူး။ ဒါပေမယ့် အကိုစုန့်နဲ့ အတူလမ်းလျောက် နေတုံး သူမ လပ်ထဲ ဘာမှ မကိုင်ထား ရတော့ နည်းနည်း အပြစ်ရှိသလို ခံစားလိုက်ရတယ်။

  စုန့်ချီယန် ကတော့ တက္ကသိုလ်က နယ်မြေ ထဲကနေပီးတော့ ရှလျောင်နဲ့ အတူ ဖြေးဖြေးချင်း ပဲ လမ်းလျောက် ပြီး ထွက်လာခဲ့တယ်။ သူက သူမ ကို ဘာစား ချင်လဲ လို့ မေးလိုက်တဲ့ အခါ သူမက ပေါ့ပေါ့ပါးပါးနဲ့ ပြောလိုက်တယ် ။

"အိုး......''

အခု မှပဲ သူမရဲ့ စိတ်က မီနူးဆီရောက်သွားတယ်။

" အိုး.... လက်ဆက်တဲ့ ပုဇွန် Teppanyaki,  အမ်း.....  ထမင်းကြော်လေးနဲ့ ပီးတော့ ဂျပန်ရေညှိ အသုပ်နစ်ပွဲ မှာကြ ရအောင်လေ..''

" မင်း ဆူရှီကော စားအုံးမလား....''

" အိုး ကျွန်မ ဘာမှာရမှန်း သိပ်မသိဘူး...ပြီးတော့ ကျွန်မ ဒီက ဆူရှီ တွေကို မကြိုက်ဘူး.....ဒီနိုင်ငံက ဆူရှီ တွေ ထဲမှာ ပျော့တိပျော့ဖက်နဲ့ သေးငယ်ပါးလွှာတဲ့ အသားဖက်လား မသိဘူး အ့တာပါလို့.....''

  စုန့်ချီယန် ကစိတ်ရှုပ်ထွေးစွာ နဲ့ သူမလေးကို ကြည့်လိုက်တယ်။ အဆုံးမှာတော့ သူ ချက်ချင်း ပဲ နားလည်သွားတယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now