အပိုင်း (25)

1K 132 0
                                    

25. ဆောင်းဦးပုံပြင်

   အိမ်ကိုပြန်ရောက် ရောက်ခြင်းပဲ ရှလျောင်ဟာ မျက်နှာသွား သစ်လိုက်တယ်။ ဒါပေမယ့် တစ်စုံတစ်ယောက်က အိမ်ပြန်ရောက်တာနဲ့ စာလှမ်းပို့ဖို့ သူမကို ပြောခဲ့တာ သတိရသွားတယ်လေ။
သူမက အိမ်ကို အန္တာရယ် ကင်းကင်း ပြန်ရောက်တယ် ဆိုတာကို လှမ်းပြောဖို့ ဖုန်းကို ထုတ်လိုက်တယ်။ အဲ့နောက်တော့ သူမသတိမထား မိခင်ကို စာက ပို့ပြီးသား ဖြစ်သွားတယ်။

သူမက သူမရှေ့မှာပေါ်နေတဲ့ ရှက်ရိပ်သန်းနေတဲ့ သူမမျက်နှာကို ကြည့်ရင်းနဲ့
အတွေးထဲ နှစ်မြုပ်နေခဲ့တယ်။ သူမ အိမ်အပေါ်ထပ်ကို ပြေးတက်လာခဲ့တာပင်။ ဘာလို့လဲဆိုတော့ တစ်စုံတစ်ဦးက သူမအိမ် ကို ဘေးကင်းစွာ နဲ့ ပြန်ရောက် မရောက်ကို စိတ်ပူနေမှာပဲ ဖြစ်တယ်ကြောင့် လှေကားထစ်တွေကိုတောင် ခုန်ကျော်ပြီး ပြေးတက်လာခဲ့ခြင်းပင်။

  ရှလျောင်ကတော့ နီရဲနေတဲ့ သူမရဲ့ ပါးတွေကို ပုတ်ပြီး အမောပြေအောင် လုပ်နေခဲ့တယ်။ အဲ့နောက်တော့ သူမက မှန်ရှေ့မှာ ရပ်နေရင်းနဲ့ တခစ်ခစ် ရယ်နေမိတော့တယ်။

  အဲ့ဒီ့အချိန်မှာပဲ လင်းချင်ဟာ သူမရဲ့ အခန်းထဲကနေ အပြင်ကို ထွက်လာခဲ့တယ်လေ။ ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့ မှန်ရှေ့မှာ တခစ်ခစ်ရယ်နေတဲ့ သူမရဲ့ အခန်းဖော် ကိုတွေ့လိုက်တယ်။ သူမ ပထမဆုံး လုပ်မိတာက အနောက်ကို ပြန်ဆုတ်ပြီးတော့ တံခါးကို အားပြင်းပြင်း နဲ့ဆောင့်ပိတ် လိုက်တယ်။ သူမ တွေးမိတာက တံခါးများနေရာ မှားပြီး ဖွင့်မိတာလားပေါ့။ ပြီးတော့မှ တစ်ခြား တစ်မျိုးပြောင်း စဉ်းစားပြီး တံခါးကို ဖွင့်လိုက်တယ်။

လင်းချင်ဟာ တံခါးကိုနောက် တစ်ကြိမ် ဖွင့်ပြီးတဲ့နောက်တော့ တခစ်ခစ် ရယ်နေတဲ့ မိန်းမလှလေးက သူမရဲ့ အခန်းဖော် တစ်ဖြစ်လဲ အကောင်းဆုံး သူငယ်ချင်း ဖြစ်နေတယ် ဆိုတာ သေချာသွားပါတော့တယ်။ သူမက တိတ်တိတ်လေးနဲ့ ပါးစပ်ကိုပိတ်ပြီးတော့ သူမဘာသာ မီးဖိုချောင်ထဲ သွားပြီး ရေယူသောက်ဖို့ လုပ်လိုက်တယ်။ ဒါပေမယ့် ရှလျောင်ဟာ သူမ (XL) ဘေးက ဖြတ်သွားတဲ့ လင်းချင်ကို လုံးဝ သတိမထားမိဘူးလေ။ အဲ့တာနဲ့ လင်းချင်ဟာ သူမ (XL) နားကို ကပ်ပြီးပြောလိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Donde viven las historias. Descúbrelo ahora