24.ဆောင်းဦး ပုံပြင်
သူတို့ နှစ်ယောက်က လိုက်နာရမယ့် ကျင့်ဝတ်တွေကို သိပြီး လိုက်နာနေသည့်အလား အစားစားနေချိန် စကား တစ်ခွန်းမှ မဟကြပေ။ ဒါကြောင့်မလို့
သူတို့ရဲ့ ညစာ စားပွဲကတော့ ထူးဆန်းစွာနဲ့ တိတ်ဆိတ်နေတဲ့ အခြေအနေ ကိုရောက်နေတယ်။ ညအစောပိုင်း ရောက်တဲ့ အခါမှာတော့ သူတို့ နှစ်ယောက်က ရှလျောင် ရဲ့ တိုက်ခန်းကို ပြန်လာခဲ့တယ်လေ။ အေးစက်ပြီးတော့ ခပ်မှောင်မှောင် ဖြစ်နေတဲ့ လမ်းကြားလေး က အခုတော့ နွေးထွေးတဲ့ အငွေ့အသက်လေး တွေထွက်ပေါ်နေခဲ့တယ်။ အဲ့ဒီ့ လမ်းနား မှာတော့ ယာဥ်အသွားအလာတွေ ရှိနေလို့ အရမ်းတော့ မဲမှောင်မနေခဲ့ဘူး။တစ်ချို့လူတွေက အပြေးတစ်ပိုင်း လမ်းလျောက်နေ ပြီးတော့ တစ်ချို့တွေကတော့ စုန့်ချီယန် နဲ့ ရှလျောင်လို အေးအေးဆေးဆေး ဘေးချင်းကပ်ပြီး လျောက်နေ ကြတယ်။ စုန့် တစ်ယောက်ကတော့ အခုချိန်ထိပဲ သူမလေးရဲ့ အိတ်ကို သယ်ပေး ထားတုံးပဲ ။ ရှလျောင်ကလဲ လက်ဗလာ ဖြစ်နေဆဲပဲ။ စောနက. သူမ အစားအစာတွေကိုပဲ မဲနေတော့ အိတ်ကို ပြန်ယူဖို့ မေ့သွားတယ်လေ။
" ဒီမှာ ညီမ တို့ရောက်ပြီ...''
သူတို့ နှစ်ယောက်က တိုက်ခန်း တွေ ရှေ့ ရောက်တော့ ရပ်လိုက်ကြတယ်။ ရှလျောင်က သူမနေတဲ့ အထပ်က အခန်းကိို လက်ညှိးထိုးပြီး ပြောလိုက်တယ်။
စုန့်ချီယန် က သူမ ညွှန်ပြတဲ့ နေရာကို တစ်ချပ် ကြည့်လိုက်ပြီးမှ သူမလေးကို အိတ်ပြန်ပေး လိုက်တယ်။ရှလျောင်က တော့ သူမထက် ခေါင်းတစ်လုံးလောက်ပိုသာတဲ့ သူ့ကို ကြည့်ဖို့ အတွက် ရှိရှိသမျှ သတ္တိတွေ ကို စုကာ သူ့မျက်လုံး ကိုစိုက်ကြည့်လိုက်တယ်။
"စီနီယာ အကို ညီမတို့ စောနက ဆွေးနွေးခဲ့တဲ့ အကြောင်းက..... အဟမ့်...ဘယ်လို သဘောရလဲ? "
စုန့်ချီယန် ရဲ့မျက်နှာ မှာဘာမှမဖော်ပြသော်လဲ လက်သီးကျစ်ကျစ်ဆုပ်ထား မိတယ်။ သူ ဒီသေးငယ်တဲ့ ကလေးမလေး ကို ခြောက်လှန့်မိစေသလို မျိုး မဖြစ်ချင်ဘူး။
" ဟမ့်.......'' ရှလျောင်ရဲ့ မျက်နှာက သူမ နားရွက်တွေက စပြီးတော့ လည်ပင်းတွေ ထိတစ်ဖြည်းဖြည်း နီလာတယ်။ သူမရဲ့ မျက်လုံးတွေက တလက်လက် တောက်ပနေပြီးတော့ သူမရှေ့မှာ ရပ်နေတဲ့သူကို ဆက်ကြည့်နေတုံးပဲ ။
YOU ARE READING
COMPLETE (နွေရာသီရဲ့လက်ဖက်ရည် ) Mm Translation
RomanceType - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)