[Unicode]
" မင်းအထဲကို မဝင်တော့ ဘူးလားဟင်?''
သူကအိမ်စီး ဖိနပ်အပါးလေး ကိုစီးပြီးတဲ့ထိ သူမက တော့ အိမ်ပေါက်ဝ နားလေးမှာပဲ ရပ်နေလို့ မေးလိုက်တယ်။ ရှလျောင်ကတော့ သူမ အိမ်မက် မက်နေရာကနေ အနိုးခံ လိုက်ရသလိုပဲ။ သူမက အံအားသင့်စွာနဲ့ပဲ အထဲကို ဝင်လိုက်ပြီးတော့ တံခါး ကို ပိတ်လိုက်တယ်။ ဒီကို လာတဲ့ လမ်းတစ်လျောက်လုံးမှာ သူတို့စကားပြောရင်း လာခဲ့ကြတာ။ သူတို့ ဘယ်သူ့အိမ်ကို အရင်သွားမလဲ ဆိုတာကိုလဲ ငြင်းခဲ့ကြသေးတယ်။ နောက်ဆုံးမှာတော့ စုန့်ရဲ့ တိုက်ခန်းကို သွားကာ ဆေးအရင်သောက်ဖို့ ကအတည်ဖြစ်သွားတော့တယ်။
သူတို့ အိမ်ရောက်တဲ့အခါ သူမကို သူပြန်ပို့ပေးမယ် မပို့ပေးရ ဘူးဆိုတာကို ထပ်ငြင်းခုံ ကြပြန်တယ်။ သူမရဲ့ ရှုးဖိနပ်ကို ချွတ်ပြီးတဲ့အခါ မှာတော့ သူက သူမ အရှေ့ ကို ဖိနပ် အပါးလေး လာချပေးလေတယ်။
" ဒီဟာလေး ကို ကိုယ် ဆောင်းတွင်းတုံးက သုံးထားတာလေး ။ မင်းအခု ဒါကို စီး လို့ရတယ်။ နောက်တစ်ခါ ဆိုရင်တော့ ကိုယ်မင်းအတွက် အသစ်ဝယ် ထားပေးမယ်။ ''
" အဟမ်း...အဆင်ပြေပါတယ်။ ''
ရှလျောင် က အရမ်းကြီး စဥ်းစား မနေပဲ ဖိနပ်ကို စီးလိုက်တယ်။ အိုး.....အရမ်းကို ကြီးတာပဲ။... သူမအဲ့ ဖိနပ်ထဲမှာ ရေကူးလို့တောင် ရတယ်လို့ ခံစားလိုက်ရတယ်။ =_=.....။ သူမက စုန့်ချီယန် နောက်ကို လိုက်ပြီးတော့ သူ့အခန်းထဲကို လိုက်ဝင်ခဲ့တယ်။ သူမကတော့ တစိမ့်စိမ့်နဲ့ တွေးရင်း လိုက်လာ ခဲ့တာပေါ့။ တိတ်တဆိတ် ဖြစ်နေတဲ့ ဒီနေရာကြီးက သူမတို့ရောက်လာမှပဲ အသက်ဝင် လာတယ်လို့တောင် သူမခံစားလိုက်ရတယ်။
ပထမဆုံး အနေနဲ့ ဒီတိုက်ခန်းကို ရောက်ဖူးတာ ဖြစ်တဲ့ အတွက် သူမက တိတ်တိတ် လေး အခန်းကို လှည့်ပတ် ပြီး ကြည့်လိုက်တယ်။ ဒီတိုက်ခန်းက အရမ်းကြီး မကြီးပေမယ့် စတုရန်း ရာဂဏန်းကျော် လောက်တော့ ရှိမယ်။ ဒါပေမယ့် ဒီတိုက်ခန်းလေးမှာ မီးဖိုချောင် တစ်ခု ရယ် ၊ ညစာ စားတဲ့ စားပွဲ လေးရယ်၊ ဧည့်ခန်းငယ်လေးရယ်၊ ရေချိုးခန်းလေးရယ် ပြီးတော့ အိပ်ခန်း တစ်ခန်း တောင်ပါသေးတယ်။ တိုက်ခန်းထဲမှာလဲ အလွန့်ကို သန့်ရှင်းနေလေရဲ့။ လုံးဝ ကိုမှ သန့်ရှင်းတောက်ပြောင်နေတာနော်။ ဒါပေမယ့် ဧည့်ခန်းထဲ မှာတော့ TV မရှိလေဘူး။
VOCÊ ESTÁ LENDO
COMPLETE (နွေရာသီရဲ့လက်ဖက်ရည် ) Mm Translation
RomanceType - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)