Tea of Summer
[Unicode]
" ကား ကို ဒီနေရာမှာပဲ ပါကင် ထိုးရအောင်...''
လင်းချင် တစ်ယောက် ကားကို လော့မချ ခင် ရှလျောင် ကို လှမ်းပြော လိုက်တယ်။ ရှလျောင် ကတော့ သူမဘာသာ သူမရေ ရွတ်နေလေရဲ့။
" ဘယ်သူသိမှာလဲ ဒီနေ့ည မြို့ထဲမှာ လူစု လူဝေးကြီး ရှိနေမယ် ဆိုတာ ကို..''
ရှလျောင် ဟာ လင်းချင် ရဲ့ အနောက် ကနေ လိုက်လာခဲ့ ပြီးတော့ လင်းချင်ရဲ့ အဝတ်နားစကို ကိုင်ကာ ပိုပြီး နီးကပ်အောင် ကပ်လိုက်တော့တယ်။ တစ်နာ ရီလောက် ကြာပြီးတဲ့ အခါမှာတော့ လင်းချင်တို့ အိမ်ပြန် ရောက်သွား ကြပြီ ဖြစ်လေတယ်။ လင်းချင် ကတော့ သူမကိုယ်သူမ အဝတ် အစားတွေ ပြင်ဆင်ပြီးသော်လည်းပဲ ချက်ချင်း ရှလျောင် အခန်းထဲ ပြေးသွား လေတယ်။
လင်းချင် တစ်ယောက် ကတော့ ညီညာ ပြန့်ပြူး နေတဲ့ ဆောင်းတွင်းဝတ်တွေ ကို ရှလျောင်ရဲ့ အဝတ်ဗီဒို ထဲ ကနေ အပြင်ကို ဆွဲ ထုတ်လာလေတယ်။ ပြီးတော့ အဲ့ အဝတ်တွေ ကို ကုတင်ပေါ်ကို ပစ်တင် လိုက်တယ်။ နောက်ဆုံး မှာတော့ သူမက အာဏာ ရှင်ဆန်ဆန် နဲ့ ရှလျောင် ကို အမိန့်ပေး လိုက်တော့တယ်။
" ဒါတွေ ကို ပြောင်းဝတ်ကြည့်...!''
လင်းချင်ရဲ့ ကြီးကြပ်မှု အောက်မှာပဲ ရှလျောင် တစ်ယောက်မူဝေ စွာနဲ့ အဝတ်အစား တွေ လဲ လို့ ပြီး သွားတော့တယ်။ သူမ အခု ဝတ်ထားတာ ကတော့ ခရင်ကာလာ အရောင်နဲ့ လည်ပင်း မှာအခေါက်လေး ပါတဲ့ သိုးမွှေး ဆွယ်တာ လေးရယ်၊ ရှေးနည်းနည်း ဆန်တဲ့ သော့ခလောက်ပုံ ဆွဲသီးလေး ကို သူမရင်ဘက် နား အထိဝတ်ထား တာရယ်၊ သူမ အမြဲ ဝတ်နေကျ အနက်ရောင် ဂျင်းဘောင်းဘီလေးရယ်၊ ကာကီရောင် ဘွတ်ဖိနပ် တစ်စုံ ရယ် ကိုပေါ့။ အဲ့တာတွေ ဝတ်ပြီးနောက်မှာ နောက်ဆုံ ကုတ် အရှည် အနေနဲ့ အနီရောင် သိုးမွှေး ကုတ်ကို ထပ်ဝတ် လိုက်တယ်။ အဲ့ ကုတ် မှာ နူးညံတဲ့ အနား သတ်လေး တွေ ပါနေပြီးတော့ လည်ပင်း နား တစ်ဝိုက်မှာလဲ ပိုးသား နုနု လေးတွေ ပါလေတယ်။ လင်းချင်ဟာ သူမရဲ့ ဆံပင် ပုံစံကို လဲ ပြောင်းခိုင်းသေးတယ်။
လင်းချင်က သူမကို ပိုနီတေး ပုံစံ ( ခပ်မြင့်မြင့်မြှောက်စည်း) လား ဒါမှမဟုတ် သဘာဝ အတိုင်း ချထား မလားမေးခဲ့တယ်။ အခုတော့ သူမရဲ့ ဆံပင်လေးတွေ ကို သူမရဲ့ ပုခုံး နား ပေါ်မှာ ဖြန့် ချထားလေတယ်။ လင်းချင်ကလဲ သူမရဲ့ ကောက်စက် ကို သုံးပြီး ရှလျောင့် ဆံပင် အောက်နားလေး ကို လှိုင်းတွန့်လေး ဖြစ်အောင် လုပ်ပေး လိုက်တယ်။ အားလုံး ပြီးပြီ လို့ ထင်လိုက်တဲ့ အချိန်မှာပဲ လင်းချင်က ယုန် အမွှေး ပွ ဦးထုပ်လေး ကို သူမခေါင်းမှာ စွပ်ပေး လာတယ်။ အဲ့ ဦးထုပ်လေး ရဲ့ ဘေး တစ်ဖက် တစ်ချက်ဆီမှာ အမွေးပွ လုံးလေး တစ်ခုစီက တွဲလောင်းကျနေတယ်။ အေးမြတဲ့ လေဟာ ထို အမွှေးပွ လုံးလေးတွေ လှုပ်ခက်သွား အောင် ကျီစယ် သွားလေတယ်။
VOUS LISEZ
COMPLETE (နွေရာသီရဲ့လက်ဖက်ရည် ) Mm Translation
Roman d'amourType - web novel Genre - Drama, Romance , school life Author - Si Zhi Translation - Kyiphyuswe chapter - 55(complete)