အပိုင်း (32)

911 124 0
                                    


[Unicode]

တစ်လ နီးပါးလောက် တရုတ်ကို ပြန်ခဲ့ တာတောင်မှ စုန့်ချီယန် တစ်ယောက် ကတော့ ကြည့်ရတာ အရင်ကအတိုင်းပဲ ဘာပြောင်းလဲ မှုမှ မရှိသလိုမျိုးပဲ။ သူက အရင်ဝတ်နေကြ တီရှပ်ရယ်၊ ဂျင်းဘောင်းဘီ ရယ်၊ ဦးထုပ်ရယ် ကို ဝတ်မထားခဲ့ဘူး။ သူက အဝတ်အစား အထူတွေဝတ်ထား ခဲ့ တယ်လေ။ ဘာလို့လဲ ဆိုတော့ ဒီမှာ အရမ်းအေးလာပြီ မလို့ပေါ့။ အဖြူရောင် ရှပ်ရယ် ၊ ခရင်ကာလာရှိတဲ့ ဘောင်းဘီရှည်ရယ် ပြီးတော့ ကာကီရောင် ရှိတဲ့ သိုးမွေးကုတ် အရှည်ကို ဝတ်ထားခဲ့လေတယ်။ သူ မတ်တပ်ရပ်နေတဲ့ ပုံစံ က ဖြောင့်တန်း နေတာပဲ။ ဦးထုပ် မပါ တာကြောင့် သူ့ရဲ့ သေသပ်စွာ ညှပ်ထားတဲ့ ဆံပင်တွေ ကို ရှင်းရှင်း လင်းလင်း မြင်ရတယ်။

သူက ရှလျောင်တို့ တိုက်ခန်း ဆောင်ရဲ့ အောက်မှာ ရပ်နေပြီးတော့ ဖုန်းကို ငုံ့ကြည့် နေခဲ့တယ်။ သူ့မျက်တောင် မွှေးတွေရဲ့ အရိပ်တွေက သူ့ရဲ့ ပါးပြင်ပေါ် ကို အရိပ်ဖြာ ကျနေခဲ့တယ်။ ရှလျောင် က အပေါ်ထပ်ကို တက်ရတဲ့ လှေကားနားမှာ ၂ စက္ကန့်လောက် ရပ်ပြီး သူ့ကို ကြည့်နေမိတယ်။ သူက အပေါ်ကို မော့ကြည့်တာကို မြင်လိုက်ရတဲ့ အခါမှာတော့ သူမက အောက်ထပ်ကို မြန်မြန် ဆင်းလာခဲ့တော့တယ်။ သူက တစ်ခုခု ကို လုပ်လိုက်ပြီး မှ သူ့ဖုန်း ကိုအိပ်ကပ် ထဲ ထည့် ကာ သူမကို ပေါ့ပေါ့ ပါးပါးပဲ ပြုံးပြ လိုက်တယ်။

" ဘာလို့ မင်းက အရမ်း ကို တိတ်ဆိတ် နေရတာလဲ? "

ရှလျောင်က သူမရဲ့ခေါင်းကို ခါရမ်းလိုက်ပြီးမှ နားရွက်တွေ နီလာခဲ့တယ်။

" ခိ...''

စုန့်ချီယန် ကတော့ သူမလေး ကိုကြည့်ကာ ကြိုက်ရယ်နေလေရဲ့။ရှလျောင်က သူ့ကို ဖျက်ကနဲ ကြည့်လိုက်ပြီးတော့ နောက်တစ်ကြိမ် သေသေချာချာ ပြန်ကြည့်မိလိုက်တယ်။ သူမ အမြင်မှားတာ မဟုတ်ဘူးပဲ။ သူ့ရဲ့ မျက်လုံး အောက်က မျက်တောင်မွေး အရိပ် မဟုတ်ပဲ အိပ်ရေး မဝလို့ အမဲရောင်အဝိုင်းကြီး ဖြစ်နေတာပါပဲ။

" စီနီယာ အကို ရှင်ကောင်းကောင်း မအိပ်ရသေး ဘူးမလား? "

စုန့်ချီယန် က ဘာမှ မပြောပဲ ခေါင်းကို နှိပ့်လိုက်ကာ ခါတိုင်း လိုပဲ သူမရဲ့ မျက်လုံး ထဲ ကို စိုက်ကြည့် လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Nơi câu chuyện tồn tại. Hãy khám phá bây giờ