အပိုင်း ( 48)

785 106 0
                                    

Tea of Summer

[Unicode]

" ဒါက နာလိုက်တာ...''

သူမလေး တရှုးရှုး တရှဲရှဲ မြည်လိုက်တယ်။  သူတို့ က ကမ်းခြေမှာ လမ်းလျောက် လာကြတာမို့ ခရုခွံ အကျိုးတွေ နဲ့ပြည့်နေတဲ့ ရေအိုင် ငယ်လေးတွေ ကို ရောက်လာတာ ပဲ ဖြစ်လေတယ်။ ၂ယောက်လုံးက ခြေဗလာ နဲ့ လမ်းလျောက် လာကြတာ ဖြစ်ပြီးတော့ ကံမကောင်းစွာနဲ့ပဲ ခရုခွံ အကျိုးတွေ က ပင်လယ်လှိုင်းတွေ ကြောင့် သဲသောင်ပေါ်မှာ ပေါ်နေခဲ့ ကြတယ်။

  အစကတော့ ရှလျောင် က စုန့်ချီယန် နဲ့ နီးနီးကပ်ကပ်မှာ လိုက်လာခဲ့ပေမယ်လဲ မကြာခင်မှာပဲ သူမ ခြေထောက် အရှေ့နား က ထုံ သလိုကြီး ဖြစ်သွားကာ မသက်မသာ ဖြစ်မှု ကို ခံစား လိုက် ရတယ်။ စုန့်ချီယန် ကတော့ မျက်မှောင် ဖွဖွလေး ကြုံကာ ဒူးထောက် ထိုင်ချ ပြီး သူမ ခြေထောက် လေး ကိုကြည့် လိုက်တယ်။  သူသတိပြု မိသွားတာ ကတော့  သူမလေး ရဲ့ ခြေမမှာ ကွဲရာတစ်ခု ရှိနေပြီးတော့ အဲ့နေရာရနေ သွားတွေ ထွက်နေ ခဲ့တယ်။ ပင်လယ်ရေကြောင့်ပဲ ဆား ဓာတ်ဟာ ကမ်းခြေ ပေါ်မှာ ကျန်ရှိ နေခဲ့တယ်။ ဒါပေမယ့် အဲ့ ဆားဓာတ် အနည်းငယ် ကပဲ အနာကို ပိုစပ်အောင် လုပ်ဖို့ အတွက် လုံလောက် နေပြီ။

  စုန့်ချီယန်က ဒူးထောက်နေရာကနေ အနောက် ကို လှည့် လိုက်တယ်။ ရှလျောင် ကတော့ သူ့ကျောပေါ်ကို မတက်ရသေးခင် ခဏတော့ တုံ့ဆိုင်းနေမိတယ်။ ဒါပေမယ့် သူမက တက်လိုက်ပြီး သူ့လည်ပင်း ကို သူမလက်မောင်း တွေ နဲ့ အသာလေး ဖက် ထား လိုက်တော့တယ်။

" မင်းက ဆက်ပြီး လမ်းလျှောက် ချင်နေသေးတာ လား?''

   စုန့်ချီယန်က သူမကို မေးတဲ့ အခါ ကမ်းခြေ အဆုံး ကို လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူမတို့ လျှောက်လာတဲ့ အကွာ အဝေး ကို ပြန်ကြည့် လိုက်တယ်။ သူမက ခေါင်း ကို ခါ ပြီးတော့မှ သူမ အမှတ်ရ သွား တာ က အခု သူက သူမကို မမြင် နိုင်ဘူး ဆိုတာပါပဲ။ ဒါကြောင့် သူမမေးစေ့ ကို သူ့ပုခုံးပေါ် ကို တင်လိုက်တယ်။

" ဟင့်အင်း ပြန်ကြရအောင်''

  သူမဆန္ဒ အတိုင်းပဲ စုန့်ချီယန်က ပြန်လှည့် ခဲ့တော့တယ်။ သူမတို့ ကမ်းခြေကို ဖြတ်လာခဲ့တဲ့ လမ်းတစ်လျောက် အောက်က ရောင်စုံ ခရုခွံလေးတွေ ကိုကြည့်ကာ သူ့နောက်ကျောပေါ်ကနေ ပျင်းရိစွာ လိုက်ပါလာခဲ့တော့တယ်။ အဲ့နောက်မှာ သူမ သတိထားမိသွားတာ ကတော့ သူဟာလဲ ခြေဗလာနဲ့ လမ်းလျှောက် နေရတယ် ဆိုတာ ကိုပဲ။ ဒါပေမယ့် အဲ့ခရုခွံတွေ က သူ့ကို မထိခိုက်စေ သလိုမျိုး လမ်းလျှောက် နေတာ ကို တွေ့လိုက်ရတဲ့ အခါ သူမက သူ့နောက်ကျောကို စိုးရိမ်စွာ ပွတ်လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Donde viven las historias. Descúbrelo ahora