အပိုင်း (8)

1.4K 176 0
                                    

8.ဆောင်းဦးပုံပြင်
 
သူမတို့ အစီအစဥ်အရ ပါတီပွဲကို 4:55မိနစ် မှရောက်သွားတယ် ။ ခြုံကြည့်ရရင်တော့ လူတိုင်းက ဒီကိုရောက်နေကြပီပဲ။ အဲ့ပွဲမှာ ရှန့်ဟိုင်းက လာတက်တဲ့ ကျောင်းသူ ကျောင်းသား ၁၀ထပ်မနည်းရှိနေကြတယ်။ ဘွဲ့ရပီးသားသူတွေနဲ့ မရသေးတဲ့သူတွေ ဆိုပီး ခွဲထားတယ် ။

"မင်းတို့လာတာ အရမ်းနောက်ကိ နေပီပဲ.....''

နှစ်သစ်သမားလေးတွေကို သူမတို့နှုတ်ဆက်တုံး သူမတို့ကို စကားလာပြောတဲ့ သူရှိလေတယ်။ (🙂)

(ငါတို့ကျတော့ နှုတ်ဆက်မယ့်ကောင်လေးတွေဆိုဝေး....)

"ဝေ ရှီရှုန်း  *''

ရှလျောင်နဲ့ လင်းချင်တို့ နှစ်ယောက်လုံးက သူ့ကိုနှုတ်ဆက်လိုက်တယ်။ သူ့ရဲ့ နာမည်က ဝေမင်ဟွမ့် ။ စီးပွားရေး တက္ကသိုလ်က အရည်အချင်းရှိတဲ့ စီနီယာတစ်ယောက် ။ သူက လူမှု့ဆက်ဆံရေး ကောင်းတဲ့သူအပြင် သူတို့မိသားစု
က လဲ ချမ်းသာတဲ့ ထဲမှာပါတယ်။ သူကတော့ တရုတ်ကလာတက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ထဲမှာတော့ အကျော်ကြားဆုံး ပဲ။

"ဆန်းမား....စီစီ.... ဘာလို့မင်းတို့နှစ်ယောက်က နောက်ကျနေရတာလဲ။ ဘာကိစ္စဖြစ်လို့လဲ....''

လို့ ဝေမင်ဟွမ့် က စိုးရိမ်စွာ မေးလိုက်တယ်။

လင်းချင်ဟာ ကူကယ်ရာမဲ့ ပုံစံဖြင့် ပုခုံးတွန့် ပီးတော့

"အကိုရေ,ရှင် သူမကို မေးသင့်တယ်.....''

သူတို့ ၂ယောက်လုံးက ဘာမှမသိတဲ့ ပုံစံလေးဖြင့် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်နေတဲ့ ရှလျောင်ကို ပြိုင်တူ ကြည့်လိုက်မိတယ်။

လင်းချင်ဟာ  သူမလေးရဲ့ခေါင်းကို ပုတ်လိုက်ပီး.....

"ထတော့ ကောင်မလေး....။ မင်းဘာကိုလိုက်ရှာပီးကြည့်နေလဲ....''

ရှလျောင်ဟာ သူမ မသိလိုက်ခင်မာပဲ သူမရဲ့ မသိစိတ်ကနေပီးတော့ ဖြေမိသွားတယ်။

"ငါ... ချိစ်ကိတ် ရှာနေတာ... စားချက်လို့...''

(ငတ်နေလိုက်အ့မာ အ့ကြောင့်ဘဲမရတာ...)

ဝေမင်ဟွမ့် ''............''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Donde viven las historias. Descúbrelo ahora