အပိုင်း (50+51+52)Zawgyi

590 14 0
                                    

[Zawgyi]

အပြင်က မိုးကျတဲ့ အသံ ကြားမှ နောက်ဆုံး တော့ သူမက စုန့်ချီယန် ရဲ့ ရင်ဘက်ကို တွန်းလွှတ် လိုက်တော့တယ်။ သူ့မျက်လုံး ထဲမှာ လိုအင် ဆန္ဒတွေ နဲ့ ပြည့်နေတာ ကိုတွေ့တော့ သူမ လေးရဲ့ မျက်လုံး ကို အဝေး ကိုသာ ပို့ထား လိုက်တော့တယ်။ စုန့်ချီယန်က တော့ သက်ပြင်း ချလိုက်ပြီး ဆိုဖာပေါ်ကနေ ထကာ သူမလေးလည်း ထူပြီးမှ သူ့လက်မောင်း တွေ ကြားပွေ့ဖက် ထား လိုက်တော့တယ်။  ရှလျောင် က သူ့ရဲ့ ရင်ဘက်ထဲ ခေါင်းနှစ် ထားပြီး အသက်ကို ဝအောင် ရှုနေ ရကာ မျက်နှာ တစ်ခုလုံးလဲ နီရဲ နေလေတယ်။ ခဏကြာတော့ သူ့ရဲ့ ရင်ခွင်ထဲ ကနေ သူမလေး က စကားပြော လိုက်တယ်။

" ချင်ချင်နဲ့ စီနီယာ တို့ အခုထိ ပြန်မရောက်သေးဘူးလေ....''

  သူမက သူ့ရင်ဘက်ကို ထုလိုက်တယ်။
ဟမ်....ဝိုး....သူ့ရဲ့ ကြွက်သားတွေ က အတော့် ကိ သန်မာကြံ့ခိုင်နေတာပဲ။ စုန့်ချီယန်က တော့ သူ့ခေါင်းကို သူမဆံပင်လေး ထဲကို နစ်မြှပ် ထားကာ သူမလေးရဲ့ မွှေးရနံ ကို ခံစားနေလေတယ်။

" အင်း......''

   သူက ဒါကို ပေါ့ပေါ့တန်တန်ပဲ ထားတဲ့ သဘောကြောင့် စိတ်တိုသွားကာ ခေါင်းလေးကိုမော့ပြီး သူ့ရဲ့ မေးစေ့ကို ကိုက်ပစ်ကာ ပန်းရောင် သွားရာ အကွင်း လိုက်လေး ပဲ ချန်ထား ခဲ့တယ်။

" ဟေး....အပြင်မှာ မိုး ရွာ နေပြီလေ..''

" သူတို့ ၂ယောက်လုံး က အရွယ်ရောက်နေပြီးသား ဒါ့အပြင် သူ့တို့ မှာ ပိုက်ဆံတွေလဲ ပါတယ်လေကွာ..သူတို့ က လမ်းပျောက် မသွား ပါဘူး။ ပြီးတော့.....''

စုန့်ချီယန်က ဂရုမစိုက်ပဲ ဆက်ပြောနေပြီး သူမရဲ့ ခါးလေး ကိုသာ တင်းတင်း ဖက်ထား လေတယ်။ သူက သူမလေး ဘက်ကို လှည့်လာပြီး ဆိုဖာပေါ်မှာ ဖိ ထား လိုက်တော့တယ်။ သူမလေး ကို သူ့အောက်မှာ ဖိထားပြီးတဲ့နောက် သူ့ရဲ့ မျက်လုံးထဲမှာ မီးတောက်ကြီး တောက်လောင် နေပါပြီ။

" မင်းက ဒီမီး ကို ဆက်ပြီး အစာကျွေး ချင်တာ သေချာလား?''
(မင်း ကိုယ်နဲ့ ဆက်ပြီး ရှေ့တိုး မလား မေးတာပါ)

  ရှလျောင် ကတော့ ဒီလို အနေအထား ကြီး ကို ဘယ်လိုရောက်သွား မှန်း မသိတာ ကြောင့် မျက်လုံး ပြူးသွားတယ်။ အစက ပါးစပ်လေးဖွင့်ပြီး တော့ ပြောမလို့ ကြံ လိုက်ပေမယ့် နောက်တော့ တိတ်တိတ် လေးသာ ပါးစပ်ပိတ်လိုက်တော့တယ်။ မျက်နှာနီနီ နဲ့ပဲ မျက်လုံး မှိတ် ထားပြီးတော့ မျက်ခွံလေး တွေ က တုန်လှုပ်နေ ခဲ့တယ်။ သူ့လက်မောင်း တွေ ထဲမှာ သနားစရာကောင်းလောက်အောင် ကျုံနေတဲ့ ကောင်မလေး ကို ကြည့်ပြီး သူ စိတ်မဆိုး နိုင်လေဘူး။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now