အပိုင်း (5)

1.8K 196 4
                                    

5. နွေရာသီရဲ့ လက်ဖက်ရည်☕

    သူမ ဘေရန်ကိုတွေ့စဥ်အခါက သူမလုပ်မိလိုက်တဲ့ ရှက်စရာအမူအရာကို
ပြန်တွေးနေတုံး ဆန်းချီသူမဆီကိုလာနေတာကိုတွေ့လိုက်တယ်။

   ဆန်းချီဟာ သူမနဲ့အသက်တူတူပါပဲ။
ဒါပေမယ့် သူကကောလိပ်ဆက်မတက်တော့ဘူးလေ။ ကောလိပ်တက်မဲ့အစား အထက်တန်းအောင်ပီးတာနဲ့ လုပ်ငန်းခွင်ကိုဝင်ခဲ့တယ်။

သူက ရှလျောင်ရှိတဲ့ အသံသွင်းခန်းထဲကိုဝင်လာခဲ့တယ်။ သူက သူမရဲ့ မျက်နှာချင်းဆိုင်ခုံမှာဝင်ပီး ထိုင်လိုက်တယ်။

"လာပါ အုံး....လာပါအုံး....ကိုကိုလို့ ခေါ်ကြည့်ပါအုံး ။နတ်ဘုရား ဘေရန်ဆီမှာ မင်း ကျ ရှုံး သွားတာလား?။''

သူတို့ကအသက်တူတူပေမယ့် ဆန်းချီဟာ သူ့ကိုသူ ကိုကို လို့ သောက်ရှက်မရှိ ခေါ်ခိုင်းဖို့ကတော့ သူ့မှာအခွင့်အရေးအပြည့်ရှိ တယ်လေ။ သူကသူမထက် လုပ်ငန်း အတွေ့ အကြုံ တစ်နှစ်ပိုကြီးတဲ့ စီနီယာ မလို့လေ။

  ရှလျောင်ဟာ သူ့ကို မျက်လုံးပြူးကြီးနဲ့ စိုက်ကြည့်လိုက်တယ် ။ ပီးမှ အကြည့်လွဲသွားတယ်(မျက်စောင်းထိုးလိုက်တာပါရှင်)

   ဆန်းချီဟာ တဟားဟား ရယ်ပီး သူတို့ပြောနေတဲ့ အကြောင်း ကို ခေါင်းစဥ်ပြောင်း လိုက်တယ်။ အမလေး...သး သူမလေးရဲ့ စိတ်ကို ထပ် မဆွရဲတော့ပါနော်။ သူက ပုံမှန်အတိုင်း သူမကို အကြောင်းအရာ တစ်ခု ကိုမေးလိုက်တယ်။

"အာ....ရှောင်ရှ ဟိုးအရင်ကတည်း က မင်း အသံမျိုးစုံ သရုပ်ဆောင် နိုင်တယ်ဆိုတာကို မပြောပြထားဘူးလား...အခု မင်းကို ဒါရိုက်တာ က ဘာပြာသေးလဲ...''

လွန်ခဲ့တဲ့အချိန် အတောအတွင်း သူမ ဖြစ်ခဲ့တဲ့ အခြေအနေ တွေကို စိတ်ကသိကအောက် ဖြစ်နေတုံး ပဲ ။

နောက်ဆုံးမှာတော့ သူမဟာ ဆန်းချီ က ကြိုးစား ပန်းစား နဲ့မေးနေတဲ့ အဖြေကို သူမပြန်ပြောလိုက်တယ်။

  "အဲ့ အကြောင်းကို မပြောစမ်းပါနဲ့.... ဒါရိုက်တာကလေ ငါ့ကို YY chat gpထဲ ဆွဲထည့်လိုက်တယ်လေ။ အဲ့တာကြောင့် သူက ငါကိုဟောပြောနေတာ. ....။ သူဟောပြောပီးပြန်တော့လဲ ငါ့ကို ခေါင်းဆောင် နဲ့ အတူသရုပ်ဆောင်ဖို့ဆိုပီး နှစ်နာရီလောက် လေ့ကျင့်လိုက်ရတယ်။ ငါ့မှာတော့ ဒီစာကြောင်း တွေကိုပြောထွက်နိုင်ဖို့ကြိုးစား လိုက်ရတာ။ ခံစားချက်ပြင်းပြင်း လိုအပ်သေးတယ်တဲ့......(lol....)။နောက်ဆုံးတော့ ငါအောင်မြင်သွားပါတယ်။ အ့တာက ၂နာရီလောက်ကြာပီးမှ.. ။ အာ.....၂နာရီတောင်ကြာခဲ့တာလေ။ ''

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Onde histórias criam vida. Descubra agora