အပိုင်း (45)

834 106 3
                                    

Tea of Summer

[Unicode]

အခုအချိန် ဟာ ဆိုရင်ဖြင့် ဖလော်ရီဒါ ရဲ့ ညနေခင်း ပေါ့။ ဒီနေရာ က သီးသန့် ကမ်းခြေ တစ်ခု ဖြစ်ပေမယ့် ဒီကြီးမားတဲ့ ကမ်းခြေ တစ်လျောက်မှာ လူတွေ အတော်အသင့် များလေတယ်။ ဒီနေရာမှာ ရှိကြတဲ့ ကလေးတွေ က​တော့ ဆောင်းရာသီ အားလပ်ရက် ကြောင့် လာရောက် လည်ပတ် ကြတာ ဖြစ်ပြီး လူကြီးတွေ ကတော့ သူတို့ရဲ့ စိတ်တွေ ကို အပန်းဖြေ အောင်လို့ အနားလာယူ ခဲ့ကြတာပဲ ဖြစ်လေတယ်။ ကမ်းခြေရဲ့ တစ်ဝက်လောက် ကိုတော့ သန္တာ ကျောက်တန်းကြီး တစ်ခုက နေရာယူ ထားလေတယ်။ အဲ့ သန္တာ ကျောက်တန်း နားမှာတော့ ကြီးမားလှတဲ့ ကမ်းခြေ သုံး ထီးကြီးရဲ့ အောက် မှာ အာရှသား ၄ ယောက်က ကို့ယို့ကားယား လေထုနဲ့ ထိုင်နေကြလေတယ်။

  စုန့်ချီယန် နဲ့ ရှလျောင် တို့ က အလယ်မှာ ထိုင်နေပြီးတော့ ဝေ့ချင်နဲ့ လင်းချင် တို့ကတော့ ဘေး တစ်ဖက် စီမှာ ထိုင်နေ ခဲ့ ကြတယ်။ ရှလျောင် က ဘယ်ဘက်ဘေး မှာထိုင်နေတဲ့ မလွယ်ကူတဲ့ မျက်နှာကြီး ဖြစ်နေတဲ့ ဝေ့ချင် ကို ကြည့်လိုက် တယ်။ နောက်တော့ သူမ ညာဘက် မှာ ထိုင်နေတဲ့ မျက်နှာ သေကြီး နဲ့ လင်းချင် ကို ပြန်ကြည့် လိုက်တယ်။ သူမ ရဲ့ နှုတ်ခမ်းတွေ က ပြေလျော့နေရာမှ ဆူထွက် လာပြီးတော့ စုန့်ချီယန် ရဲ့ အနား ကို တိုးကပ် သွားတော့တယ်။

  စုန့်ချီယန် ကတော့ သူမ ခါးလေး ကို တစ်ဖက် က ဖက်ထားပြီး ကျန်တစ်ဖက်က သူကိုယ်တိုင် လုပ်ထားတဲ့ မြေပဲထောပတ်သုတ် ဂျယ်လီ ပါတဲ့ ဆန်းဒဝှစ်ချ် ကို ရှလျောင် အား ခွံကျွေး နေလေတယ်။ သူတို့ ၄ ယောက် လုံး ကတော့ အဖြူရောင် တီရှပ်တွေ နဲ့ ကမ်းခြေ ဝတ် ဘောင်းဘီ တွေ ကိုသာ ဝတ်ထား ကြတယ်။ သူတို့ ထဲ က ဘယ်တစ်ယောက်မှ ရေကူး ဝတ်စုံ ဝတ် မထား လေဘူး။

  အမှန် တကယ် ဆိုရင် ယောကျာ်း လေးတွေ အတွက်က ရေကူး ဝတ်စုံ ဆိုတာ မလို အပ်ပါဘူး။ ရှလျောင် ကလဲ မဝတ် ခဲ့ ဘူး ဘာလို့လဲ ဆိုတော့ အမျိုးသမီး တိုင်း လစဥ်ခံစားနေရတဲ့ ဟာကြီး အခုထိ မပြီးဆုံး သေးလို့ပါပဲ။ လင်းချင် အတွက်ကတော့ အခု ရေကူး ဖို့အထိ စိတ်အခြေအနေ မကောင်း တာကြောင့် သူမက ဒီနေရာမှာပဲ ထိုင်နေကာ ရှလျောင် ကိုပဲ အဖော် ပြုပေူ နေလေတယ်။ ဒီလိုနဲ့ပဲ ၄ ယောက်သား ကိို့ယို့ကားယား အခြေအနေ ကြီး ဖြစ်လာ ခဲ့ကြတယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Donde viven las historias. Descúbrelo ahora