အပိုင်း ( 53)

819 96 1
                                    

[Unicode]

Tea of Summer (53)

" အခုအရမ်း စိတ်လှုပ်ရှား နေတာလား?''

  စုန့်ချီယန် အတွက် အသားမကျတဲ့ ဖော်ရွေစွာ ညစာ စားပြီးတဲ့ နောက်မှာတော့ ရှလျောင် ဟာ သူမ ခရီးဆောင် အိတ်ကိုဆွဲ ပြီး စုန့်ချီယန် ရဲ့ ကားပေါ် တက်ကာ ရှန့်ဟိုင်း ကို ပြန်လိုက်ခဲ့ ရလေတော့တယ်။ရှလျောင် တစ်ယောက် ဘေးက ခရီးသည်တင် ထိုင်ခုံမှာ ထိုင်ပြီး ခါးပတ်ပတ် ပြီးနောက် သူမဘေး က လူကို မေးခွန်းတွေ တရစပ် မမေးပဲ မနေနိုင် တော့ပါဘူး။ ကားမောင်း နေတဲ့ သူကတော့ သူ့ပါးစပ်လေး ကိုသာ ပိတ်ထား ပါတော့တယ်။ သူ့ရဲ့ ဘေးတိုက်မျက််နှာ သွင်ပြင် ကတောင် ကြည့်ကောင်းပြီး သန့်ရှင်း နေလေတယ်။

သူမမေး ခွန်းတွေကို ထိုလူက ပြန်မ​ဖြေတာကြောင့် 'ကျွတ်'ခနဲ စုပ်သက်မိလိုက်ကာ ဒေါသတွေ ကိုဖိနှိပ် ထားရတော့တယ်။ သူမတို့ အတူရှိတာ ကြာလာတဲ့ နောက်မှာ သူပြန်မဖြေတာ က မဖြေတက်တော့ လို့ဆိုတာ သူမ နားလည် လာခဲ့တယ်။ သူမက သူ့ရဲ့ ဘေးတိုက် သွင်ပြင် ကို ထပ်ခိုး ကြည့်တဲ့ အခါသူ့ရဲ့ နားရွက် တွေ က လမ်းမီးတိုင်ရဲ့ အောက်မှာ ပန်းရောင် သန်းနေတာ ကို တွေ့ လိုက်ရတယ်။

  အိုင်း...အံ့သြ စရာ မလိုတော့ပါဘူး။ သူက စိတ်လှုပ်ရှား နေတာပဲ။ သူမ ဘာတစ်ခု မှ မသိရတာထက်စာရင် တော့ ဒီလို အပြုအမူသေးသေး လေးတွေ ကနေ သူ့ခံစားချက်ကို မြင်နိုင်တာ ကောင်း တယ် လို့တော့ သူမထင်မိတယ်။

ရှလျောင် အခုလို စကားတွေပြောနေတာက စုန့်ချီယန်ကို မပြင်းသွားစေ ချင်လို့ပင်။ အဲ့ခေါင်းမာတဲ့ လူက တင်းခံပြီး ကားဆက်မောင်းနေတယ်လေ။ သူမ က သူ့ကား ထဲ ကို မွှေ လိုက်ပြီးတော့မှ အားသွင်းကြိုး ကို ရှာတွေ့တယ်။ ပြီးမှ စုန့်ချီယန် နဲ့ အမျိုးအစား တူတဲ့ ဖုန်း ကို သူမအိတ် ထဲကနေ ထုတ်လိုက်ပြီးတော့ နေ့ပေါင်းများစွာ မသုံး ခဲ့ပေမယ့် အားကုန်နေတဲ့ ဖုန်းလေးကို အားသွင်း လိုက်တော့တယ်။ အားဝင်လာတဲ့ အခါ ဝေ့ပေါ်နဲ့ QQ တို့က သတိပေး စားတွေ ကို သူမ တွေ့လိုက်ရတယ်။

ထုတ်ကုန်အသစ် ထုတ်လို့ ကြော်ငြာ တာများလား?

  သူမ ဖုန်းကိုဖွင့်လိုက်ပြီး ရှုပ်ထွေး စွာနဲ့ မတူညီတဲ့ ဆော့ဝဲလ်တွေ ဆီက အသိပေး ချက်တွေ ကိုကြည့်လိုက်တယ် ။ အနီရောင် သတိပေး ချက်တွေ အများကြီး တွေ့လိုက် ရတော့ လန့်သွားတာကြောင့် ဝေ့ပေါ် (weibo) ကို ဖွင့်လိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Donde viven las historias. Descúbrelo ahora