အပိုင်း ( ၁၂ ) part 1

1.3K 175 2
                                    

12.​ဆောင်းဦးပုံပြင်

   "ဇန်မင်ကော '' ရဲ့ သီချင်းသံက စတင်မြည်လာတယ်။ အမှန်တကယ်တော့ အ့တာနိုးစက်မြည်လာတာပါ။

သူမ မနက်ခင်း မနိုးလို့ ပေးထားတာပါ။ သူမ စောင်ထဲ ကနေ လက်တစ်ဖက်
ထွက်ပီး မမြင်မစမ်းနဲ့ နိုးစက်ကို လိုက်စမ်း ပီးပိတ်လိုက်တယ်။ ပိတ်လဲ ပိတ်ပီးရော စောင်ထဲပြန်ဝင်ပီး အိပ်လိုက်တယ်။

   10 မိနစ် ကြာတဲ့ အခါ ''ဇန်မင်ကော ''ရဲ့ သီချင်းသံ က ထပ်ပီး မြည်လာတယ် ။ ရှလျောင်လဲ မတက်နိုင်တော့ပဲ
အိပ်ယာထဲကနေ တွားသွားထွက်လာပီး
နိုးစက်ကို လုံးလုံးပိတ်လိုက်တယ်။ နောက်တော့ အိပ်မှုန်စုံမွှားနဲ့ ပွနေတဲ့ ဆံပင်ကို ဆွဲလိုက်တယ်။

"မင်း စီးပွားဖြစ် အသံသရုပ်ဆောင် လုပ်ဖို့ အစီအစဥ် ရှိလား.... ?''

"အမ်....ဒါပေါ့..... ကျမလုပ်မာပါ..''

"အ့တာဆို မင်း ဖုန်းနံပါတ်လေး ကို့ ကိုပေးခဲ့လေ....''

"အို.....''

ရှလျောင်ဟာ မနေ့ညက စုန့်ချီယန် တို့ အပြန်အလှန် စကားပြောခဲ့ကြတာကို ပြန်တွေးမိတယ်။

သူမရဲ့ ခေါင်းအုံးထက်ကို သူမခေါင်းကိုအပ်လိုက်တယ်........

အိုးအိုင်ဂေါ့.....ဘေရန်အကိုကြီး ကို သူမရဲ့ ဆက်သွယ်ရမယ့် လိပ်စာပေးလိုက် ပီပဲ.....! သူတို့တွေက ကျောင်းအတူတူ ပဲလေ။ ဒီလိုမျိုး တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်စရာဖုန်း နံပါတ် အပြန်အလှန်ပေးကြတာက ပုံမှန်ပဲမလား...။ဒါပေမယ့် သူမစိတ်ကို
မပြင်ဆင်ရသေးဘူးလေ။ အရမ်းကြီး ရုပ်တရက် ဆန်လွန်းတယ်...။ရူးချင်စရာပဲ။

   တစ်မနက်ခင်းလုံး ရှလျောင်တစ်ယောက် သတိရတစ်ချက် မရတစ်ချက်
နဲ့  သူမရဲ့ တွက်ချက်မှုဆိုင်ရာ သင်တန်းကို တက်နေရတယ်။ သူမရဲ့ အုံးနှောက် ထဲ ကအတွေးတွေကတော့
စာသင်ခန်းထဲမှာ မရှိတော့ပါဘူး။

ပါမောက္ခ တွေက အတန်းချိန်ပီးကာနီး ရောက်ရင် ကျောင်းသူကျောင်းသား တွေ ကိုယ်ပိုင် စာကြည့်ချိန်အနေနဲ့ အပြင်ကိုထွက်ပေးလေ့ရှိ ကြတယ်။

သူမစိတ်မပါပေမယ့် သူမရဲ့လေ့ကျင့်ခန်းထဲက မေးခွန်းကိုဖက်ကြည့်လိုက်တယ်။ Yရဲ့ သက်မှတ်ချက် အကြောင်း...... ။ Yရဲ့ သက်မှတ်ချက်....
ရုပ်တရက် သူမ တစ်ခုကို သတိရသွားတယ် ။

  ဘေရန်အကိုကြီး ဆီမာပဲ သူမ ဖုန်းနံပါတ်က ရှိတာလေ။ ဒါပေမယ့် သူက သူမကို ဖုန်းပြန်မခေါ် ရသေးဘူးလေ။
အဲ့ဒီတော့ ....သူမမှာ သူရဲ့ ဖုန်းနံပါတ်က မရှိသေးဘူးပေါ့။

(ငှယ်...ဘာများလဲလို့..)

သူမ ဆံပင်ကိုဖွလိုက်တယ်။ ဒါဆို ဘေရန်အကိုကြီး က သူမကို ဖုန်းစ ဆက်မှာပေါ့နော်။ ဒါပေမယ့် အ့လိုမျိုး သူ့ဘက်ကနေစပီးတော့ ဖုန်းခေါ်ရမယ့် ကိစ္စမှမရှိတာကို.. ။ သူ့ဘက်က စပီး ဆက်သွယ်လာမယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲ....။

ကံကောင်းတယ် ပဲပြောရမလား....ကောင်းကင်ကြီး သူမရဲ့ အတွေးတွေကို ကြားသွားဟန်တူပါတယ်။ သူမရဲ့ အိပ်ကပ်ထဲ မှာ ထည့်ထားတဲ့ ဖုန်းက
နောက်တစ်စက္ကန့်မှာ စတင်တုန်ခါလာတယ်။ သူမ အတန်းထဲကို ဝေ့ကြည့်လိုက်တော့ အကုန်လုံးက အတန်းဆင်းပီး အနားယူဖို့ ပြင်ဆင်နေကြတာကိုတွေ့လိုက်တယ်လေ။ အဲ့တော့ သူမလေးလဲ အရှက်မရှိ သူမ ဖုန်းကိုဆွဲထုတ်လိုက်ပီးတော့ ကြည့်လိုက်တယ်။

[ညနေခင်းမင်းမှာ အတန်းရှိလား.....? ကို မင်းကိုတစ်နေရာ ခေါ်သွား စရာ ရှ်တယ် ။ နှစ်ယောက်သား ထမင်း အတူစားရအောင်လို့.... ။ _ _ 206- xxx-xxxx] .....

#တောင်းပန်ပါတယ်
#ပိုရေးပေးချင်ပေမယ့် မျက်စိနာတာကတစ်ကြောင်း လက်ကဖန်ခွက်ကွဲပီး ရှတာက တစ်ကြောင်း လက်တစ်ဖက်တည်းနဲ့ စာရိုက်မရလို့ပါ
#မပူပါနဲ့နော် ဆက်တင်ပေးမှာပါ

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Donde viven las historias. Descúbrelo ahora