အပိုင်း ( 16 )

1.1K 149 10
                                    

16. ဆောင်းဦးပုံပြင်

   သူတို့နှစ်ယောက် သူမလေးရဲ့ ကားပါကင်ရောက်တော့ ရှလျောင်တစ်ယောက် ဒိုးနက် တွေ ထည့်ထားတဲ့ အိပ်ကိုယူပီး ဆင်းလိုက်တယ်။ ပီးတော့မှ အပြုံးတွေအများကြီး ချိုချိုသာသာ ပြုံးပြလိုက်တယ်။

" ကျေးဇူး ပဲ စီနီယာ အကို ။ မုန့်တွေက တကယ့်ကို စားကောင်း တယ်။ ''

ပီးတော့ သူမလေးက ထပ်ပြီးပြောလိုက်တယ်။

"ဟမ်း....ခေါက်ဆွဲတွေနဲ့ ဖက်ထုပ်တွေက လဲ အရမ်းအရသာရှိတယ်။.... ''

စုန့်ချီယန် တစ်ယောက် သူလုပ်နေကျအတိုင်း သူ့ရဲ့ ဦးထုပ်ကို အရှေ့ကိုဆွဲချလိုက်တယ်။

"မင်းကြိုက်ရင် ကျေနပ်ပါတယ်။... ကဲ အခုတော့ အပေါ်ကို တပ်တော့...... ''

"အိုကေ..... ''

ရှလျောင်ဟာ လိမ်လိမ်မာမာ လေးခေါင်းငြိမ့်လိုက်တယ်။

"အဲ့ဆိုတော......နောက်တစ်ခါ စားရင် ကျွန်မရှင်းရမယ့် အလှည့်နော်......''

ဒီနေ့ တစ်နေကုန်  သူမလေးတို့ စားသမျှကို စုန့်ချီယန် ပဲ ရှင်းခဲ့တာလေ။
စုန့်ချီယန် က ခေါင်းကိုငြိမ့်ပြ လိုက်တယ်။

" ဟုတ်ပါပီ... ''

"အမ်း...တာတာ့...''

ရှလျောင်ဟာ သူမရဲ့ မျက်ဆံလှန်မိသွားတယ်။ အဲ့လို ခွဲခွာရတာကြီးကတော့ ရင်ထဲမာ နည်းနည်း ခံစား ရတယ်။ (😦🙄)

သူမလေး တာတာ့ ပြပီး အပေါ်ကို လှေကားကနေတက်သွား လိုက်တယ်။
လှေကားအကွေ့ အကွယ်နား ရောက်တော့ သူမပြန်လှည့်ကြည့် တဲ့အခါ သူက ချက်ချင်း ဟိုဘက်လှည့်သွားတယ်။ ဒါဆို သူမ အပေါ်တက်သွားတာကို သူက လိုက်ကြည့် နေခဲ့တာလား....?

ရှလျောင် အရမ်းကို အံ့သြ ပီးမှင်သက်သွားတယ်။ သူမခေါင်းကခါလိုက်ပီးတော့ သူမအတွေးတွေကို ရပ်လိုက်ဖို့ မြန်မြန် လေး အာရုံစိုက်လိုက်တယ်။
သူမ မခန့်မှန်း ချင်ပါဘူးနော် ။ သူမ ဘာမှလဲ မသိသလို သူမ ဘာမှလဲ မလုပ်ထား ဘူးနော်။
( သူမ ကတစ်ခုခု မှားလို့ သူက သူမကိုလိုက်ကြည့်နေတာ ထင်နေတာပါရှင် ငပိန်းဥပါ...)

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Tempat cerita menjadi hidup. Temukan sekarang