အပိုင်း (23)

1K 137 1
                                    

23. ဆောင်းဦးပုံပြင်

   စုန့်ချီယန် တစ်ယောက် ရှလျောင် ပြန်လာတဲ့အခါ သူလဲ အိမ်သာပြေးတော့သည်။ သူပြန်ရောက်လာသော်လဲ မှာထားသော စားစရာ များမှာ မရောက်လာသေးပေ။ ဒါကြောင့် အချင်းချင်း မျက်နှာချင်းဆိုင် ထိုင်နေပြီးတော့ ငြိမ်ငြိမ်လေး နေသလိုလိုနဲ့ တစ်ယောက်ကို တစ်ယောက် ခိုးကြည့်နေကြတယ်။ ရှလျောင် ရှာဖွေ တွေ့ရှိသွားတာက စုန့်ချီယန် က အချိနိတော်တော် များများ အေးအေး ဆေးဆေး နေတက်တဲ့သူ ဆိုတဲ့ အချက်ကို ပေါ့။ သူစကား ပြောဖို့ က အတော်ရှားတယ်။ ဘယ်လိုဖြစ်ဖြစ် တစ်ခြား တစ်ယောက်က သူ့ကို စကားပြောရင် သူက အဲ့လူရဲ့ မျက်လုံးကို တည့်တည့် စိုက်ကြည့်ပြီးမှ ယဥ်ယဥ်ကျေးကျေး ပြန်ပြောလေ့ ရှိတယ်။ အဲ့ဒီ့ အပြုအမူကြောင့် တစ်ခါတစ်လေ သူအပြုအမူနဲ့ စိမ်းတဲ့သူက ရိုင်းတယ် လို့ တွေးမိလေ့ ရှိကြတယ်။

  ဒါပေမယ့် သူတို့ ထဲ က ဘယ်တစ်ယောက်ကမှ စကားမစကြလေဘူး ။ အဲ့တော့ သူတို့နားက တိတ်ဆိတ်နေတယ်လေ။ အချင်းချင်းပဲ ခိုးကြည့်ယုံသာ တက်နိုင်လေတယ်။

  ရှလျောင်ကတော့ အခုချိန်မှာ သးမှ Weibo သုံးနေရင် အရမ်းရိုင်းသလိုများ ဖြစ်သွားမလား စဥ်းစားနေခဲ့တယ်။ အ....... ဟုတ်သားပဲ။ Webio! ...။
အဲ့အကြောင်း တွေးမိတော့ သူမလေးရဲ့ မျက်လုံးထဲမှာ အကြံဉာဏ် ပေါက်သွားသလိုမျိုး ဖျက်ကနဲ လင်းသွားတယ်။

" စီနီယာ အကို...  Weibo မှာ အကို ညီမ ကိုပို့ ထားတဲ့ စာကိုတွေ့တယ်။ အဟမ်း.....အ့တာလေ ဘာကိုဆိုချင်မှန်း ညီမ သေချာနားမလည်လို့....''

စုန့်ချီယန် က ခါတိုင်း လိုပဲ သူမလေး ကို စိုက်ကြည့် လာပြီးတော့ ပြန်ဖြေ ဖို့စကားတွေ စုလိုက်တယ်။ ပြီးမှ သူမလေး ကို ပြန်ပြီး ပြောလိုက်တယ် ။

" မင်း Weibo မှ  ဆရာ ဒါမှမဟုတ် တွဲ ဖက်ရှာ နေတာတဲ့ ပိုစ့် တစ်ခုကို ကို တွေ့ခဲ့တယ်လေ။..... ''

ရှလျောင်က ချက်ချင်းကိုပြန်တုံပြန် လိုက်တယ်။

" အသံ သရုပ်ဆောင်နဲ့ ပတ်သက်ပြီးတော့ ပိုသိချင် သင်ချင် ယုံလေးပါ။  ...''

အဲ့နောက် သူမအဖြေက အရမ်းကို သာမာန် ဆန်လွန်းတယ်လို့ တွေးမိပြီးတော့ ထပ်ပေါင်းပြောလိုက်တယ်။

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Where stories live. Discover now