အပိုင်း (18)အဆက်

1K 159 4
                                    

From part 18

စုန့်ချီယန် တစ်ယောက် သူရဲ့ ဦးထုပ်ကို ကောက်စွပ် လိုက်ပီး သူ့ရဲ့ လက်နှစ်ဖက်လုံးကို ဘောင်းဘီ အိပ်ကပ်ထဲ ထည့်လိုက်တယ်။ ပီးမှ စာကြည့်တိုက် အပြင်မားမှာ ရှိတဲ့ ကော်ဖီဆိုင်ကို ဘာအမူအရာမှမပြပဲ ဒီတိုင်းအေးအေး ဆေးဆေး လမ်းလျှောက်သွားလိုက်တယ်။ အထူးသဖြင့် ဒီလို ခြေကုန် လက်ပန်း ကျအောင် အလုပ်လုပ်ခဲ့ရတဲ့ သူ့အတွက်တော့ စိတ်ကောင်းဝင်နေတဲ့ အချိန် မဟုတ်ဘူး။

  သူ့ရဲ့ မျက်လုံးတွေက စာကြည့်တိုက် ပြတင်းပေါက်နားကတစ်စုံတစ်ယောက်ကို ချင်ချင်း သတိထားမိသွားပီးတော့
သူလဲ အဲ့ စာကြည့်တိုက် ထောင့်နားလေးကို လမ်းလျှောက်သွားပီး ခဏရပ်ကြည့် လိုက်တယ်။

"ဘာဖြစ်တာလဲ......''

အလှလေးက သူခဏရပ်သွား တာကို သတိထားမိတယ်လေ။ ဒါပေမယ့် ဘာက သူ့ရဲ့ အာရုံကိုဆွဲဆောင် လိုက် လဲဆိုတာ ကို မပြောနိုင်ခဲ့ဘူး။ ဘာလို့လဲ ဆိုတော့ သူရဲ့ ခန္ဓာကိုယ် က သူမရဲ့ မြင်ကွင်းကို ကွယ်ထားတာကြောင့်ပဲလေ။ စုန့်ချီယန် ကတော့ အနောက်ကိုလှည့်ပီး ခေါင်းတစ်ချက် ငြိမ့်ပြလိုက်တယ်။ ပီးမှ ဆက်လျှောက်သွားတယ်။

  နေ့လည်ခင်းရဲ့နွေးထွေးတဲ့ နေရောင်ခြည်အောက်မှာ ရှလျောင်တစ်ယောက် ပြတင်းပေါက်နား ထိုင်ပီးတော့
အိပ်ငိုက်နေတာ သူမရဲ့ မျက်လုံးက တစ်ဝက်တောင်ပိတ်နေပါပီ။ သူမလေးရဲ့ ခေါင်းက စာအုပ်ဖွင့်ထားတဲ့ ခုံနဲ့ တစ်ဖြည်းဖြည်း နီးနီးလာတယ်။

စုန့်နဲ့ အလှလေးတို့ဟာ ကော်ဖီဆိုင်ကို ရောက်သွားတဲ့ အခါ အလှလေးက သူမ ဘာသာ သူမ သောက်စရာ ကော်ဖီကို မှာလိုက်တယ်။ ပီးမှ ဘေးမှာ ရပ်ပီး စုန့်ချီယန် ကို ရပ်စောင့်နေတယ်။ စုန့်ကတော့ မီးနူးကို တစ်ချက် ကြည့်ပီး အက်ရှရှ ဖြစ်နေတဲ့ အသံနဲ့ ပြောလိုက်တယ်။

" ဘလက်တီး ၂ခွက်ပေးပါ.....''

သူနဲ့ သူမနဲ့ မုန့်အတူတူ စားတုံးက သူဒီလိုလေး သူမအတွက် မှာပေးခဲ့တယကို သတိရနေတုံးပဲ။

အလှလေးက မက်တပ်ရပ်နေရင်း စုန့်ရဲ့ အမှာ ကိုကြားပီးတော့ အနည်းငယ် စိတ်ရှုပ်ထွေးသွားတယ်။ နောက်မ နူးညံတဲ့ အသံလေးနဲ့ ပြောလိုက်တာက

COMPLETE  (နွေရာသီရဲ့လက်ဖက်ရည် )  Mm Translation Nơi câu chuyện tồn tại. Hãy khám phá bây giờ