[Zawgyi]
ယွင်စန်းလန် စိတ်ကြီးဝင်နေသည့် အပြုံးမျိုးပြုံးလိုက်ကာ...
"ကောင်းပြီလေ..ငါပါးစပ်ပိတ်ပေးမယ်...ဒါပေမဲ့ အဲ့အကောင်ကိုတော့ ကန်ချင်သေးတယ်..."မြေပြင်ပေါ်၌ လှဲနေသော သူတောင်းစားငယ်မှာ ယွင်းစန်လန်အား စူးရှစွာစိုက်ကြည့်လာသည်..
ဝူယွင်ယဲ့နှင့် ကြည့်ရှုနေသူအပေါင်းမှာ ခေါင်းများကိုသာ ခါရမ်းလိုက်ကြသည်..
**ဘယ်လောက်တောင်ရှက်စရာကောင်းလဲ..ယွင်စန်းလန်ရဲ့အဖေက စစ်တပ်ရဲ့ပညာရှိစစ်သူကြီးတစ်ယောက်...သူ့သားကတော့ ကျိုးကြောင်းမစီလျော်ဘဲ ရမ်းကားနေတဲ့သူဖြစ်နေတာ...**ယွင်စန်းလန် သူတောင်းစားငယ်ကို တစ်ချက်ကန်လိုက်ကာ ဝူယွင်ယဲ့လို ထိုကလေးငယ်အား ကျိန်ဆဲလိုက်၏...
"မျိုးမစစ်ကောင်!!! သူက တော်ဝင်ဆရာရဲ့ ဒုတိယမြောက်သားဆိုတာ မသိဘူးလား......တော်ဝင်ဆရာက အာဏာအရမ်းကြီးတယ်....မင်းကိုအသာလေးသတ်လိုက်လို့ရတယ်ဆိုတာရော နားလည်ရဲ့လား..?မျိုးမစစ်ကောင်လေး...မင်း တော်ဝင်ဆရာရဲ့ ဒုတိယသားကို မဆန့်ကျင်သင့်ဘူး...အကန်ခံရတာမင်းနဲ့ တကယ်တန်တယ်.....ဘယ်လောက်တောင်မိုက်မဲတဲ့ကောင်လဲ...မင်းကသူ့အတွက်ဆို ပိုးမွှားတစ်ကောင်အဆင့်ပဲရှိတာ....ငါအခုမင်းကို အရှင်မင်းကြီးအစား အပြစ်ပေးနေတာ....မင်းသိရဲ့လား....အရှင်မင်းကြီးတောင်မှ တော်ဝင်ဆရာရဲ့ အမိန့်ကို နာခံရတယ်...ဘာလို့လဲဆိုတော့ စစ်အာဏာက တော်ဝင်ဆရာရဲ့ လက်ထဲမှာလေ......တော်ဝင်ဆရာက အရှင်မင်းကြီးရဲ့နေရာကို အချိန်မရွေးယူလိုက်လို့ရတယ်....အဲ့တော့..သူက အရှင်မင်းကြီးရဲ့အဖေလိုလူမျိုးပဲ......ဆိုတော့ သူ့ရဲ့သားကလည်း ဧကရာဇ်နဲ့မခြားဘူး.....မင်းကများ အဲ့လိုလူရဲ့လမ်းကိုပိတ်ရဲတယ်ပေါ့လေ...."ဝူယွင်ယဲ့မှာ အသုံးမကျသော ၁၄နှစ်အရွယ် ကောင်လေးတစ်ယောက်ဖြစ်သော်လည်း နန်းတွင်းနှင့် နိုင်ငံရေးအခြေအနေများကိုတော့ အနည်းနှင့်အများသဘောပေါက်ပေသည်...ယခုမူ ယွင်စန်းလန်က သူတို့မိသားစုကို တွင်းအကြီးကြီးတူးပေးနေလေပြီ........
"ဟေ့..ရပ်တော့ ဆက်မပြောနဲ့တော့ ...ငါပြောနေတယ်ရပ်တော့..."
ယွင်စန်းလန်ပြောလက်စကို ရပ်ကာ ဝူယွင်ယဲ့အား ရှုပ်ထွေးစွာကြည့်လိုက်ပြီး...
"ဘာလဲ..?ငါအကြင်နာတရားမဲ့တာက မလုံလောက်သေးဘူးလား..? ကောင်းပြီလေငါထက်ပြီးကောင်းအောင်လုပ်မယ်..."
ထို့နောက် သူတောင်းစားငယ်ထံ လှည့်ကာ..
"မင်း...မျိုးမစစ်ကောင်......"
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
RomanceI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...