Part-3 *အပြစ်​ပေးပြီ*

619 72 7
                                    

[Unicode]
ယွင်စန်းလန်တစ်​ယောက် ပတ်​ပြေးရင် ​​အော်ဟစ်​နေသည်...

"အ​မေ​ရေ ကယ်ပါဦး..., သား အရိုက်ခံရပြီး​သေလိမ့်မယ်..."

"ကျွန်​တော်က ​ကောင်းတာကိုလုပ်ခဲ့တာ​​လေ....အ​ဖေကဘာလို့မမြင်နိုင်တာလဲ..? အဲ့​ကောင်မ​လေးသာ ကုန်သည်ဝမ်ရဲ့ သားကို လက်ထပ်လိုက်ရင်...ကုန်သည်ဝမ်က သူမကို
မုဒိမ်းကျင့် လိမ့်မယ်...အဲ့ဒါက ​သွေးသားအချင်းချင်း ကျူးလွန်တာ​မဟုတ်လား.....အခုကျွန်​တော်လုပ်ခဲ့တာက နိုင်ငံ့ကိုယ်ကျင့်တရား တိုးတက်လာ​အောင်နဲ့ ပတ်ဝန်းကျင်ထဲက သိုးမည်း​တွေကို ဖယ်ထုတ်ဖို့ပဲ​လေ....."

ယွင်စန်းလန် အသက်ဝဝရှူလိုက်ရင်း...ဆက်၍​အော်ဟစ်​နေသည်..

"အား...အ​ဖေရပ်ပါ​တော့....အ​မေ​ရေ...သားကိုကယ်ပါဦး.."

လင်းဝမ်အာလည်း....မကြည့်ရက်​တော့သဖြင့် ​ရှေ့တိုးလိုက်ပြီး...ယွင်ယာကျွင်း၏ အပြစ်​ပေးမှုကို တားမြစ်ရန်..
"ယာကျွင်း...ရှင့်သားကို ရှင်မသတ်မိခင် ရပ်လိုက်​ပါ​တော့.."ဟု​ပြောရင်း ယွင်စန်းလန်ကိုကြည့်ပြီး...

"စန်းလန်..သားလည်း ကွန်ဖူးသင်သင့်တယ်..အဲ့တာမှပြန်တိုက်နိုင်မှာ​ပေါ့.."

ယွင်ယာကျွင်းသည် သားဖြစ်သူအား အပြစ်​ပေး​နေခြင်း အားရပ်တန့်လိုက်သည်...ထို့​နောက် မျက်​မှောင်ကုပ်ရင်း..

"ဟမ့်...သူက ငါ့သားသာဖြစ်​နေတာ အရိုအ​သေမဲ့လွန်းတယ်.."

"သခင်ကြီး..."လုယူလာ​သော သတို့သမီး ငယ်​လေး၏ နူးညံ့​​သော အသံ​​လေးမှာ လူအုပ်ထဲမှထွက်​ပေါ်လာ၏....

အနီ​ရောင် ဇာပုဝါမှာ ဖုံးအုပ်ထားခြင်း မရှိ​တော့သဖြင့် ..သတို့သမီးငယ်၏ မျက်နှာမှာ ၁၂နှစ်ခန့်သာရှိ​သေး​ကြောင်း ​ပေါ်လွင်လာသည်....

မျက်နှာ​ပေါ်မှာလည်း ​ကြောက်ရွံ့၍ ငိုထား​​သော မျက်ရည်စီး​ကြောင်းများမှာ အထင်းသား....သူမ​လေးသည် အားတင်း၍ သတ္တိ​မွေးလိုက်ပြီး ယွင်ယာကျွင်းနှင့် လင်းဝမ်အာတို့​ရှေ့သို့ ​လျှောက်လှမ်း လာသည်....

ထို့​နောက် ရို​သေစွာ ဦးညွှတ်လိုက်ပြီး..
"သခင်ကြီး,...သခင်မ..., ​ကျေးဇူးပြုပြီး ကျွန်မကို ပြန်မပို့ပါနဲ့​နော်.....ကုန်သည်ဝမ်ရဲ့ သားကို ကျွန်မလက်မထပ်ချင်လို့ပါ....ဟင့်..ဟင့်..."ဟု​တောင်းပန်ရင်း..ဒူး​ထောက်လိုက်၏......

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now