Part-23 *သားမှာ ​ငွေမရှိဘူး*

288 45 4
                                    

[Zawgyi]
စန်းနိုင်ငံတွင် စုစုပေါင်း စစ်သူကြီး ၁၀ယောက်ရှိရာ စစ်သူကြီးယွင် အနေနှင့် တောပုန်းဓားပြ နှိမ်နှင်းရာတွင် ကိုယ်တိုင် ကိုယ်ကျပါဝင်ရန် မလိုအပ်ပေ.....ထိုမျှမက မြို့တော်တစ်ခုတွင် ဓားပြများ သောင်းကျန်းခဲ့သည် ရှိသော် ထိုမြို့တော်ကို အုပ်ချုပ်သော အစိုးရက ဖြေရှင်းပေလိမ့်မည်...... မည်သည့် စစ်သူကြီးကမျှ ပါဝင်ရန် မလိုအပ်ပေ......

ယွင်စန်းလန်သည် ယခုကိစ္စ၏နောက်ကွယ်မှ လက်သည်တရားခံအား စဉ်းစားနေစဉ် ယွင်ယာကျွင်း၏ စကားသံက သူမ၏အတွေးတို့ကို ဖြတ်တောက်လိုက်၏....
“တအားကြီးစိတ်မပူပါနဲ့ ဝမ်အာ..... တောင်​ပေါ်ဓားပြတွေက စစ်ပွဲမှာတွေ့နေကြ ရန်သူတွေလောက် အရည်အချင်း မရှိဘူး.... အဲ့တာကြောင့် သည်တစ်ခေါက် စစ်တပ်ကို မခေါ်သွားဘူးရယ်.... ယွင်စစ်သည်တွေကိုပဲ ခေါ်သွားမှာ......”

ယွင်စန်းလန်သည် သက်ပြင်းချလိုက်၏……. ယခုကိစ္စ၏ နောက်ကွယ်၌ အကြံအစည် ရှိနေမှန်း သဘောပေါက်သွားလေသည်.....

ယွင်စန်းလန်၏ မျက်လုံးထဲ၌ အလင်းတစ်ခု ဖြတ်ပြေးသွား‌ပြီး ........
**လျိုယွင်....မင်း ငါ့အဖေနောက်ကို လိုက်သွားမှာမလား.......**

ယွင်ယာကျွင်းသည် စစ်မြေပြင်၌သာ အမြဲတစေ တိုက်ပွဲဝင်နေခဲ့သည် ဖြစ်ရာ စစ်သားများ... သူပုန်များနှင့်သာ ရင်ဆိုင် သတ်ဖြတ်နေရသည် ဖြစ်၍ သူသည် ကြမ်းတမ်း မောက်မာသော သူတစ်ယောက် ဖြစ်လာခဲ့သည်မှာ အံ့ဩစရာ မရှိပေ......... ဟော်လျိုယွင်သည် ယွင်ယာကျွင်း ထံတွင် လျှို့ဝှက် အင်အားစု ရှိနေသည်ဟု အမြဲထင်နေခဲ့လေသည်.........ထို့ကြောင့် ယခု တစ်ခေါက်၌ ယွင်ယာကျွင်းသည် သူ၏လျှို့ဝှက် အင်အားစုကို ခေါ်ဆောင် သွားလိမ့် မည်ဟု ဟော်လျိုယွင် က ခန့်မှန်း ထားခြင်းဖြစ်၏......

သို့ရာတွင် စစ်သူကြီးအိမ်တော်၌ မည်သည့် လျှို့ဝှက် အင်အားစုမျှ တည်ရှိမနေပေ...... စစ်မြေပြင်မှ ယွင်ယာကျွင်း ကယ်ဆယ်ခဲ့သော ယွင်စစ်သည် ၃၆ယောက်သာ ရှိနေလေသည်....
**လျိုယွင်..... မင်း ငါ့‌အဖေကို အထင်ကြီးနေတာပဲ.....ငါ့အဖေက နန်းပလ္လင်ကို ရည်မှန်းနေတယ်လို့ တကယ်ကြီးထင်နေတာလား.....**

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now