[Zawgyi]
ပြုံးစစမျက်နှာထားဖြင့် ပြန်ရောက်လာသော ယွင်စန်းလန်ကို ကြည့်ပြီး ဟော်လျိုယွင်သိချင်စိတ်ဖြင့် မေးလိုက်သည်..
"မင်းဘယ်တွေသွားနေတာလဲ..? လက်သွားဆေးတာကရော ဘာလို့သည်လောက်ကြာနေတာလဲ ဟမ်???"
ယွင်စန်းလန် ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးအသေးလေးကို ခြေထောက်ဖြင့် ကန်လိုက်ရင်း..
"အိမ်သာသွားရင်း ချစ်ဖို့ကောင်းတဲ့ ခွေးပေါက်လေးနဲ့တွေ့တော့ ငါလည်း မနေနိုင်ဘဲ ကစားနေတာနဲ့ကြာသွားတာ..."
"မြန်မြန်ပြန်ကြစို့....စစ်သူကြီးယွင်က မင်းကို လိုက်ရှာနေတယ်လို့ကြားတယ်...မင်းတော့ ပြန်ရောက်ရင် ကောင်းကောင်းကြီး အပြစ်ပေးခံရတော့မှာပဲ..ကျွတ်...ကျွတ်...ကျွတ်...."
ယွင်စန်းလန် ပြုံးလိုက်ပြီး...
"အဖေ ငါ့ကိုရိုက်နေတာကို မကယ်ဘဲနဲ့ မင်းက လက်ပိုက်ကြည့်နေမှာတော့ မဟုတ်ဘူးလေ..."
ဟော်လျိုယွင်လည်း သရော်ပြုံးလေးပြုံးကာ..
"သေချာတာပေါ့ ...မင်းအရိုက်ခံနေရတာကို ငါကဘယ်ကြည့်နေပါ့မလဲ...ဘာလို့လဲဆိုတော့..ငါကမင်းနဲ့တူတူ စစ်သူကြီးအိမ်တော်ကို မပြန်ဘူးလေ..."
ယွင်စန်းလန်မှာ စိုးရိမ်နေသောမျက်နှာထားလေးဖြင့် မျက်နှာချိုသွေးလေသည်...
"လျိုယွင်.....ငါ့ကို အဖေရိုက်တာ ခံစေချင်လို့လားဟင်..?နောက်ထပ်၂ရက်နေရင် ငါ့၆နှစ်ပြည့် မွေးနေ့လေ...ငါ့မွေးနေ့ကြီးမှာတော့ အိပ်ရာထဲ လှဲမနေချင်ပါဘူး..."
ဟော်လျိုယွင်မှာ အနှီကလေးမလေးကို ကာကွယ်ပါမည်ဟု ကျိန်ဆိုထားသူဖြစ်လေရာ...အပြုံးလေးဖြင့် ခေါင်းရမ်းလိုက်ပြီး...စန်းလန်၏ခေါင်းကို ခပ်ဖွဖွပုပ်ကာ...
"စိတ်မပူပါနဲ့ကွာ....ငါက စ နေတာကို....စိတ်ချပါ..မင်းအရိုက်မခံစေရဘူး..."
စစ်သူကြီးအိမ်တော်သို့ ပြန်ရောက်ချိန်၌ ယွင်ယာကျွင်းမှာ အတော်လေး ဒေါသထွက်နေလေ၏.....သို့သော် ဟော်လျိုယွင်၏ ယွင်စန်းလန်အစား တောင်းပန်ကာ ဝင်ရောက်ဖြန်ဖြေပေးမှုကြောင့် အိမ်ရှေ့စံမင်းသားအား မျက်နှာသာပေးကာ ဒေါသလျှော့လိုက်လေသည်....ဟော်လျိုယွင်ပြန်သွားပြီးနောက် ယွင်စန်းလန်အားအနည်းငယ်မျှသာ ဆူပူကာ ပြန်လွှတ်လိုက်လေ၏...
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
Любовные романыI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...
