[Zawgyi]
'ယွီရှစ်' စားသောက်ဆိုင်သည် စန်းနိုင်ငံ၌ နာမည်ကြီးသော စားသောက်ဆိုင်တစ်ဆိုင်ဖြစ်လေသည်... အဘယ်ကြောင့်ဆိုသော် 'ယွီရှစ်' ဆိုင်တွင် အမျိုးမျိုးအဖုံဖုံသော စားသောက်ဖွယ်ရာများ၊ သန့်ရှင်းသပ်ရပ်သော ပတ်ဝန်းကျင်နှင့် ပထမတန်းစားဆိုင် အပြင်အဆင် တို့ကြောင့်ဖြစ်၏.... ထို့ကြောင့် 'ယွီရှစ်' သည် အထက်တန်းလွှာများသာမက စာပေပညာရှင်တို့ကိုပါ ဆွဲဆောင်နိုင်လေသည်.....
'ယွီရှစ်' စားသောက်ဆိုင်၏ ခမ်းနားသော တံခါးဝ၌ ယွင်စန်းလန်တစ်ယောက် မတ်တပ်ရပ်လျက်.....
ဆိုင်အတွင်းမှ ပျံ့နှံ့လာသောမွှေးရနံ့က သူ့အားသရေယိုလာစေသည်....
သူ၏ လုံးဝန်းသော မျက်ဝန်းတို့က ဟိုသည် ဝေ့ကြည့်ပြီးနောက် မကောင်းဆိုးရွားပြုံး ပြုံးကာ ဆိုင်အတွင်းသို့ တွေဝေခြင်းမရှိ ဝင်ရောက်သွားတော့သည်....
ဆိုင်အတွင်းသို့ ယွင်စန်းလန်ရောက်ရှိသည်နှင့် ဆိုင်ရှင်မှာ ချက်ချင်းသတိပြုမိလေ၏..သူ၏ဝဖိုင့်သော မျက်နှာထက်၌ နွေးထွေးသော အပြုံးတစ်ခု ပေါ်လာကာ ယွင်စန်းလန်အား ရိုရိုသေသေ နှုတ်ဆက်လေသည်...
"ကြိုဆိုပါတယ် တော်ဝင်မင်းသားလေး..."
"အရှင့်သားကို...ခစားရတာ သည်နေ့တော့ ကျွန်တော့် အတွက်ဂုဏ်ယူစရာပါပဲ.."
ယွင်စန်းလန် ထိုဆိုင်ရှင်ကိုတစ်ချက်မျှကြည့်ပြီး ခေါင်းမော့ ရင်ကော့ကာ....
"မင်းကလူတော်တစ်ယောက်ပဲ.."
သူ၏လူကြီးဆန်သော အပြောအဆိုနှင့် အမူအရာတို့မှာ ကလေးဆန်သောမျက်နှာလေးထက်မှ ပေါ်ထွက်လျက်....
ဆိုင်ရှင်သည် အနီးနားရှိ စားပွဲထိုးလေးကို အမူအရာပြ၍ ခေါ်လိုက်ရာ ထိုစာပွဲထိုးလေးက ယွင်စန်းလန်အား ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ ခေါ်ဆောင်သွားလေသည်.....
"အရှင့်သား ထိုင်တော်မူပါ...
သူဌေးက အရှင့်သားစားချင်တာမှန်သမျှ သူကိုယ်တိုင်တာဝန်ယူပြီး လုပ်ပေးမှာမို့.. စိတ်ကြိုက်မှာလို့ရပါတယ် အရှင့်သား.."
ယွင်စန်းလန်၏ စိတ်ထဲ၌
*ဆိုင်ရှင်က ငါ့ဂုဏ်သတင်းကိုတော့ သိနေပုံပဲ*..ဟုတွေးနေကာ ကျေနပ်စွာ ခေါင်းညိမ့်လိုက်၏...
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
RomanceI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...
