Part-24 *မက်မွန်ပွင့်​တောင်စခန်းကို ​မွှေ​နှောက်ကြခြင်း*

544 61 19
                                    

[Zawgyi]
ညစာစားချိန်..., မက်မွန်ပွင့်ဓါးပြစခန်း၌...., ဓါးပြ​ခေါင်း​ဆောင် ဟူစန်နှင့် သူ၏​နောက်လိုက်များသည် သိုးသားနှင့် အရက်တို့ကို မြိန်ရည်ရှက်ရည် စား​သောက်​နေကြ၏....

စား​သောက်​နေရင်း ဟူစန်က ​မုတ်ဆိတ်ဓါးပြ၏ ပုခုံးကို အားရပါးရပုတ်ရင်း ချီးကျူးလိုက်သည်..
"ဟူကျီ... မ​င်း​ကောင်း​ကောင်း လုပ်ခဲ့တယ်..."

"​ကျေး.... ​ကျေးဇူးတင်ပါတယ်... ​ခေါင်း... ​ခေါင်း​ဆောင်... ဒါ... ဒါက... ကျွန်... ကျွန်​တော်... လုပ်...လုပ်သင့်.. တာ..တာပါပဲ..."

"ငါ..မင်းရဲ့  သည်လိုပုံစံကို တကယ်​သ​ဘောကျတယ်.. သည်တိုင်း​လေးသာ ဆက်ထိန်းထား... ငါတို့ ဟို​သောက်က​လေးရဲ့မိသားစုစီက ​ပြန်​ပေး​ငွေရရင် မင်းကို မက်မွန်ပွင့်စခန်းရဲ့  တတိယ​ခေါင်း​ဆောင် အဖြစ် တင်​မြှောက်မယ်...."

"​ကျေး... ​ကျေးဇူး.. တင်...တင်ပါတယ်.. ​ခေါင်း...​ခေါင်း​ဆောင်"

ဟူစန်၏ ​ဘေးကပ်ရပ်မှ ထိုင်​နေ​သော အဖြူ​ရောင်ဝတ်လူရွယ်သည် ထိုင်​နေရာမှ မတ်တပ်ရပ်လိုက်၏.. ထိုလူသည် ​သေးငယ်ကာ အားနည်းပုံ​ပေါက်ပြီး ဓါးပြတစ်​ယောက်ဟု ထင်ရက်စရာမရှိ​ပေ.. သူ၏ အမူအရာတို့သည် ရက်စက်သည့်ပုံမ​ပေါက်သလို သူ၏လှုပ်ရှားမှုတို့ကလည်း အန္တရာယ်​ပေးနိုင်သည့် ပုံ​ပေါက်မ​နေ​ပေ...သို့​သော် အသံက​တော့ ကျယ်​လေသည်..
"​ခေါင်း​ဆောင်..."
"​ခေါင်း​ဆောင်... ကျွန်​တော်တို့ အ​စောင့်​တွေကို ​လျော့ပစ်လို့မရဘူး .. အမြဲတမ်းသတိရှိ​နေဖို့လိုတယ်... ​နောက်ပြီး က​လေး၃​ယောက်ရဲ့ ​နောက်ခံကိုလည်း စုံစမ်းသင့်တယ်...."

သို့​သော် ဟူစန်က အထင်​သေးစွာ လက်ကို ​ဝှေ့ယမ်းလိုက်ပြီး..
"စိတ်ပူမ​နေစမ်းပါနဲ့ကွာ.... ​ကောင်​လေးက ငါတို့ကို ​အကုန် ပြောပြီးသွားပြီ... သူက စန်း​မြို့​တော်ရဲ့ အချမ်းသာဆုံးမိသားစုက သားပဲ... ​နောက်ပြီး​တော့ မက်မွန်ပွင့်မြို့ကိုလာတာက သူ့အဖွားစီကို လာလည်တာတဲ့...." သူက ပြန်​ပေး​ငွေကို စဉ်းစားမိကာ ခနရပ်လိုက်ပြီး..... "မင်း​ပြောကြည့် ငါတို့ဘယ်​လောက်​ တောင်းသင့်လဲ...? ​ရွှေ​​ချောင်း၁၀​သေတ္တာ​လောက် တောင်းသင့်လား..? အဲ့ဒါဆို ငါတို့တစ်ဘဝလုံး ဖူလုံ​နေပြီ..."

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now