[Zawgyi]
စီကျစ်ယောင် မျက်ခုံးတစ်ဘက်ပင့်လျက် ယွင်စန်းလန်ကို စိတ်ဝင်တစားစိုက်ကြည့်မိသည်...
*ဒါဆို သည်ကလေးက ယွင်စန်းလန်ပေါ့!!...စန်းနိုင်ငံရဲ့ အသုံးအဖြုန်းအကြီးဆုံးလူရှုပ်လူပွေ အဖြစ်နာမည်ကြီးနေတဲ့ကလေးပေါ့... သူက အသက်၃နှစ်မှာ စ နာမည်ကြီးလာတယ်..၄နှစ်မှာ သတို့သားတွေသတို့သမီးတွေကို စပြီးလုယူလာတယ်...အမြဲတမ်းနိုင်လိုမင်းထက်ပြုမူနေပြီး ဘယ်သူကမှလဲ သူ့ကိုရန်မစရဲ...စန်းနိုင်ငံရဲ့ဧကရာဇ်ကလည်း ဖူးဖူးမှုတ်အောင်ချစ်နေတော့ပိုဆိုး...!!*
စီကျစ်ယောင်သက်ပြင်းချသာမိတော့သည်
*စစ်နတ်ဘုရားအဖြစ်တင်စားခံရတဲ့ 'တင့်ကောအမတ်' အတွက်တော့ သည်လိုအသုံးမကျတဲ့သားတစ်ယောက်ရှိနေတာ ရှက်စရာပဲ...!!*
ယွင်စန်းလန်မှာ စီကျစ်ယောင်၏ အတွေးများကိုသိလဲမသိသလို ဂရုလဲမစိုက်ပေ...
စန်းလန်သည် ကျစ်ယောင်၏ အပြာရောင်ဝတ်စုံကို ဆွဲကိုင်လျက် ပေါင်ပေါ်သို့တက်ထိုင်လိုက်လေသည်....
ကျစ်ယောင်မှာမူ အတွေးကမ္ဘာထဲ ရောက်ရှိနေသဖြင့် ယွင်စန်းလန်သူ့ပေါင်ပေါ်တက်ထိုင်လိုက်ခြင်းကို သတိမပြုလိုက်မိပေ..
သူသည် တခြားသူများနှင့် အသားချင်းထိတွေ့ ခြင်းကို မနှစ်သက်..ထို့ကြောင့် စန်းလန်ကိုတွန်းထုတ်ရန်ပြင်လိုက်၏... သို့သော်ထိုခန၌ ယွင်စန်းလန်၏ ကိုယ်မှ နို့နံ့သင်းသင်းလေး ပျံ့နှံ့လာရာ စန်းလန်ကိုမတွန်းထုတ်တော့ဘဲ ပြုတ်မကျအောင် ပွေ့ထားလိုက်၏...
ရုတ်တရက်အဖက်(အပွေ့ ) ခံလိုက်ရသော ယွင်စန်းလန်မှာ အနည်းငယ်မသက်မသာဖြစ်သွားလေသည်...
သို့သော် သူလုပ်နေကြအတိုင်း စီကျစ်ယောင်၏မျက်နှာကိုထိကိုင်လိုက်ပြီး လောဘကြီးသောလေသံဖြင့်...
"မင်းက တကယ်ချောတာပဲ...ငါမင်းကို တရားဝင်ဇနီးအဖြစ် လက်ထပ်ယူဖို့ဆုံးဖြတ်လိုက်ပြီ..ဖုန်းကွေ့ကိုတော့ ကိုယ်လုပ်တော်အဖြစ်ယူမယ်လေ..ဟဲဟဲ.."
စီကျစ်ယောင်မှာ ကလေးငယ်၏ စော်ကားမော်ကားလေသံကြောင့် စွံ့အသွားပြီး ဒေါသထွက်လာလေသည်....သို့သော် ယွင်စန်းလန်၏ နားတစ်ဘက်ကို ရုတ်တရက်သူမြင်လိုက်ရ၏...
*နေပါဦး!!...ဒါကဘာလဲ?? ယွင်စန်းလန်ရဲ့ နားမှာ အပေါက်တစ်ပေါက်ရှိနေတာလား..!!*
စီကျစ်ယောင် ယွင်စန်းလန်သတိမထားမိခင် နောက်နားတစ်ဘက်အား မသိမသာ လှမ်းကြည့်လိုက်ရာ ထိုနားအသားပေါ်၌လည်း မသိမသာအပေါက်သေးသေးလေးတစ်ပေါက် ရှိလို့နေပါ၏..ထိုအခါ သူသေသေချာချာ သဘောပေါက်သွားလေသည်..
*ယွင်စန်းလန်က မိန်းကလေးတစ်ယောက်ပဲ!!!!*
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
RomanceI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...
