Part-22 *​တောပုန်းဓါးပြ​တွေနှိမ်နင်းရမယ်..*

220 40 4
                                    

[Zawgyi]
စစ်သူကြီးအိမ်တော်.. ခန်းမဆောင်၌ အဓိက ထိုင်ခုံပေါ်တွင် အသက်၆၀ခန့်အရွယ် လူကြီးတစ်ဦးထိုင်နေလေသည်....ထိုလူကြီးတွင် ဆံပင်များက ငွေရောင်သို့ ပြောင်းနေသည်မှလွဲ၍ အနည်းငယ်မျှပင် အိုမင်းနေလေသော လက္ခဏာများကိုမတွေ့  ရှိရပေ....
ရဲရင့်သော..ရင့်ကျက်သော..ထက်မြက်သော စသည့် အရှိန်အဝါတို့က ထိုလူကြီးထံပါးမှ ပေါ်ထွက်နေကာ....မျက်နှာပြင်ထက်မှ အမူအရာတို့က သူ၏ ထက်မြက်သောစွမ်းအားနှင့် ရှင်သန်ခြင်းအငွေ့အသက်တို့ကို ဖော်ကြူးလျက်....

ယွင်ယာကျွင်းနှင့် လင်းဝမ်အာတို့မှာ လူကြီး၏ တစ်ဘက်တချက်၌ ထိုင်နေကာ...ထိုလူကြီးကိုကြည့်နေသော သူတို့၏ မျက်နှာထက်၌လည်း ပျော်ရွှင်ဝမ်းမြောက်နေသော အရိပ်တို့ပေါ်ထွက်နေ၏...

ခန်းမဆီသို့ အပြေးလေးလာနေသော ယွင်စန်းလန်မှာ လူမရောက်သေးသော်လည်း ချစ်ဖို့ကောင်းသော သူ၏အသံလေးက အရင်ရောက်လာလေသည်
"ဖိုးဖိုး..! ဖိုးဖိုး...! ဘယ်မှာလဲ....?"

သူမ၏ အော်သံကိုကြားသည်နှင့် လူအိုကြီးမှာ ကျယ်လောင်စွာ ရယ်မောလေတော့သည်...ထို့နောက် ထိုင်ရာမှ ထလျက် ပြေးလာသောယွင်စန်းလန်ဆီသို့သွားကာ ပွေ့ချီလိုက်လေသည်...

"ကောင်မစုတ်လေး... ဖြေးဖြေးလုပ်ပါကွာ...မင်းလုပ်တာနဲ့ အဖိုးကိုခိုက်မိတော့မယ်...."
"ဖိုးဖိုးက နောက်ဆုံးတော့ပြန်ရောက်ပြီပဲ...."ယွင်စန်းလန်မှာ အဖိုးဖြစ်သူ၏ ရင်ဘတ်အား ခေါင်းဖြင့်ဝင်တိုးရင်း လုံခြုံမှုကို အပြည့်အဝ ခံစားလိုက်ရ၏...

"စန်းလန်..ကလေးလေး... သည်ဖိုးဖိုးကို လွမ်းနေတာလား...?"

ယခုအချိန်၌ အစေခံတော်တော်များများကို ခွင့်ရက်ပေးထားသဖြင့် ခန်းမထဲ၌ သူမတို့မိသားစုမှလွဲ၍ မည်သူမျှမရှိရာ အမှန်ပင် ချိုမြိန်သော မိသားစုပေါင်းစည်းပွဲလေးပင်....

ယွင်စန်းလန်မှာမူ ခေါင်းရမ်းလျက်...
"ဟင့်အင်း... မလွမ်းပါဘူး.... ဖိုးဖိုးက သမီးကိုမခေါ်ဘဲ ခရီးတွေလျှောက်သွားနေကတည်းက တစ်ယောက်တည်းနေသားကျနေပြီ..ဟမ့်..."

အဖိုးဖြစ်သူသည် ငြင်သာစွာပြုံးလျက် ယွင်စန်းလန်၏ ခေါင်းကို ဖွဖွလေးပုတ်ကာ ကတိပေးလိုက်၏..
"ဟုတ်ပါပြီ..နောက်တစ်ခါကျ ဖိုးဖိုးနဲ့ တူတူခေါ်သွားမယ်လေ.. ဒါပေမဲ့ သည်တစ်ခေါက်တော့ ဖုန်းနိုင်ငံကနေ သမီးဖို့လက်ဆောင်ဝယ်လာတယ်..."

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now