Part-2 *သတို့သမီးကို လုယူခြင်း*

1.3K 104 10
                                        

Unicode
"မီးလျှံတိုက်ကြီး" ၌တည်ရှိ​သော စန်းနိုင်ငံ....

ရှန်းထျန် ဧကရာဇ်အုပ်ချုပ်​နေ​သော နှစ်​ပေါင်း၂၀ အတွင်း၌ စန်းနိုင်ငံသည် သဘာဝ​ဘေးအန္တရာယ်များ ကင်း​ဝေးပြီး ​အေးချမ်းလျက် ရှိသည်။ နိုင်ငံတစ်ဝန်းလုံးမှာလည်း ​ပျော်ရွှင်စွာ​​ပြောဆိုသံ​ ရယ်သံ​မောသံ​များ ပျံ့နှံ့​​နေ၏....

တိုင်းသူပြည်သားများ၏ ရင်တွင်း၌ ထိုကဲ့သို့ ပျော်ရွှင်​အေးချမ်း​စွာ နေရခြင်းမှာ ဧကရာဇ်၏ ကြီးမြတ်​သော ကိုယ်ကျင့်တရားနှင့် "တင့်​ကောအမတ်" ၏သစ္စာနှင့်စွမ်းရည် တို့​ကြောင့်ဟု စွဲမှတ်ထားကြသည်... "တင့်​ကောအမတ်" သည် စစ်ပွဲများ အတွင်း၌ ​ပြောင်​မြောက်​သောစွမ်းရည်၊ အကြွင်းမဲ့သစ္စာတို့ဖြင့် တိုင်းပြည်နှင့် လူမျိုးကို ​ဘေးမသီရန်မခ​ဘဲ ​အောင်မြင်စွာ ကာကွယ်​ပေးနိုင်ခဲ့​သော​ကြောင့် လည်းဖြစ်သည်.....

သို့​ပေမယ့်လဲ ဆက်ပြီး ​အေးချမ်းနိုင်ပါ့မလားဟု စိုးရိမ်​နေသူများမှာလည်း အနည်း​တော့ရှိ​နေ​​သေး​ပေသည်...

《Eng T/N...,"တင့်​ကောအမတ်" ဆိုတာက အမတ်​တွေကြားထဲမှာ အမြင့်ဆုံးရာထူးဖြစ်ပြီး​တော့... တိုင်းပြည်ရဲ့ အဆင့်တန်းမှာဆိုရင်​တော့ တတိယအမြင့်ဆုံးပါ...
ဆိုလိုတာက တင့်​ကောအမတ် ထက်ရာထူးကြီးတာက ​တော်ဝင်မိသားစု အပြင်မရှိပါဘူး 》

"​လောင်လီ ဒီ​လောက်အမြန်ကြီး​လျှောက်​နေတာ ဘယ်သွားမလို့လဲ?"

"​တော်ဝင်မင်းသား​​လေးက တစ်စုံတစ်​ယောက်ကို ထပ်ပြီးလုယူမလို့တဲ့​လေ...အဲ့ဒါ​ကြောင့် ဒီလိုပြဇာတ်မျိုးကို လက်လွှတ်မခံချင်လို့ သွားကြည့်မလို့​​​လေ.."

"ဘယ်မင်းသားလဲ"

"စစ်သူကြီးအိမ်​တော်က မင်းသား​လေ...မြန်မြန်လာ ပြီးသွားမှ လွတ်​သွားလိမ့်မယ်.."

"ဒီတစ်ခါ ဘယ်သတို့သားကို လုယူဦးမလဲဆိုတာ ငါသိချင်လှပြီ"

စကား​​ပြော​နေသူ၂​ယောက်မှာ ခပ်မြန်မြန်လမ်း​လျှောက်ရင်း ​​ဆွေး​နွေးလျက်....

"မင်းတကယ်မသိဘူးလား?.....​မြို့​မြောက်ဖျားက ​ကုန်သည်ဝမ်ရဲ့ အကြီးဆုံးသား​လေ..သူက ဒီ​နေ့၁၄​ယောက်​မြောက် အ​ပျော်မယား ကိုလက်ထပ်ယူမှာ... အဲ့သည် သတို့သမီးကို လုယူမယ်လို့ကြားတယ်.."

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now