Part-14 *​​မွေး​နေ့ပွဲ*

314 45 10
                                    

[Zawgyi]
ယ​နေ့သည် ၉လပိုင်း ၂၀ရက်​နေ့ဖြစ်ပြီး ​ကောင်း​ကင်ယံ၌လည်း တိမ်များကင်းစင်ကာ ငြိမ်း​အေးသာယာ​နေ၏....
ထိုမျှမက ယ​နေ့သည် ယွင်စန်းလန်၏ ၆နှစ်ပြည့် ​မွေး​နေ့​လေးပင် ဖြစ်​လေသည်...

ပထမ​တော့ ယွင်စန်းလန်၏ ​မွေး​နေ့ပွဲအား ယွင်မိသားစုများနှင့်သာ အကျဉ်းချုံးပြုလုပ်ရန် ယွင်ယာကျွင်း စီစဉ်ခဲ့၏...သို့​သော် ယွင်စန်းလန်မှာ ​တော်ဝင်မင်းသား​လေးဘွဲ့အမည်အား ရရှိထားသူဖြစ်​လေရာ အကျဉ်းချုံးပြုလုပ်ခြင်းက မသင့်​လျော်ဟု ​ဟော်ယန်က ဆိုကာ ​တော်ဝင်မိသားစုများ..မှူးမတ်များ...အထက်တန်းလွှာများနှင့် ​​ဆွေကြီးမျိုးကြီးများ စသည့် နိုင်ငံ့မျက်နှာဖုံး ​လူကုံထန်အသိုင်းဝိုင်းအားလုံးဆီသို့ ဖိတ်စာပို့ရန် အမိန့်​ပေးခဲ့၏...ထို့အပြင် ထိုမိသားစုများမှ အသက်၆နှစ်​အောက် က​လေးငယ်များအားလုံးကို ​မွေး​နေ့ပွဲသို့ ​ခေါ်​ဆောင်လာရမည်ဟု တရားဝင်အမိန့်ထုတ်ပြန်လိုက်​လေသည်....

သို့နှင့် ယွင်စန်းလန်၏ ​မွေး​နေ့ပွဲမှာ ​နိုင်ငံ​တော် စား​သောက်ပွဲ အခမ်းအနားအဖြစ်သို့ ​ပြောင်းလဲသွား​ပြီး စန်းနိုင်ငံ တစ်ဝန်းလုံးရှိ ​ထင်ရှား​သော မှူးကြီးမတ်ရာအားလုံးတို့သည် သူတို့၏မိသားစုများနှင့်အတူ ယွင်စန်းလန်အတွက် ​လက်​ဆောင်အလျှံအပယ်ဖြင့် အခမ်းအနားသို့ တက်​ရောက်လာကြ​လေသည်....

'တင့်​ကောအမတ်' ဖြစ်​သော စစ်သူကြီးယွင်သည် ဧကရာဇ်၏ အနှစ်သက်ဆုံးအမတ်တစ်​ယောက် ဖြစ်​လေ၏...ထိုမျှမက သူ၏သားဖြစ်သူ ယွင်စန်းလန်မှာ ​ကောင်းသတင်းသိပ်မရှိ​သော်လည်း ဧကရာဇ်၏ ချစ်မြတ်နိုးမှုကို ရရှိထား​ပြီး '​တော်ဝင်မင်းသားယွင်' ဟူ​သော ဘွဲ့ကိုပင် ရရှိထား၏...သို့​ကြောင့် တက်​ရောက်လာ​ကြ​သော ထိုလူကုံထန်အမတ်များသည် စစ်သူကြီးယွင်နှင့် ​တော်ဝင်မင်းသား​လေးတို့၏ အ​ကောင်းမြင်ခြင်းကို ခံချင်ကြကာ... ​ဖော်လန်​ဖော်ဖား လုပ်ချင်​နေကြ​လေသည်...

မနက်မိုးလင်းသည်နှင့် လင်းဝမ်အာ သူမ၏ သမီးတစ်ဖြစ်လည်း သား​တော်​မောင် ယွင်စန်းလန်အား အိပ်ရာမှ နှိုး​လေသည်... ထို့​နောက် ​တော်ဝင်မင်းသားဘွဲ့ နှင့် ကိုက်ညီသည့် မင်းသားငယ်တို့ဝတ်ဆင်အပ်​သော ​တော်ဝင်ဝတ်စုံကိုဆင်မြန်း​ပေးကာ ဆံပင်ကိုလည်း အထက်တန်းလွှာက​လေးငယ်တို့အား ပြင်ဆင်​ပေး​လေ့ရှိသည့်ပုံစံအတိုင်း စည်း​နှောင်​ပေး​​လိုက်သည်...

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now