[Zawgyi]
ယွင်စန်းလန် တစ်ယောက် အိမ်ခြံဝင်းပေါ် ၌ ထိုင်နေပြီး တစ်ဘက်အိမ် ခြံဝင်း အတွင်းသို့ ကြည့်နေသည်....ထိုခြံဝင်း အတွင်းရှိ သစ်ပင်အောက်၌ ကလေးငယ်တစ်ယောက်သည် ရွှံ့တို့ဖြင့်ကစားနေရာ..စန်းလန်ကတွေ့ရှိသွားပြီး..မေးမြန်းလိုက်၏.."မင်းက ဘယ်သူလဲ..?"
ကောင်လေးက ခေါင်းမော့ကြည့်ပြီး ရွှံ့တွေကိုခါကာ စန်းလန်ကိုပြန်မေးလိုက်သည်...
"မင်းက ဘယ်သူလဲ..?"ကောင်လေး၏မျက်နှာနှင့် သူ၏တန်ဖိုးကြီးသော အဝတ်တို့မှာ ရွှံ့များဖြင့် ပေပွလျက်...
စန်းလန်က ရွှံ့ကိုအလွန်မုန်းသူဖြစ်ရာ ရွံရှာစွာ တဘက်သို့လှည့်သွားသည်...(အိုင့်ခလေးက အနည်းငယ် စွကြီးစွကျယ်လေး😜😜)ထိုအခါ ကောင်လေးက စိတ်မရှည်တော့ဘဲ...
"မင်းက ဘယ်သူလဲလို့မေးနေတယ်လေ...ပြီးတော့ ဘာလို့ ငါ့ခြံဝန်းပေါ်တက်ထိုင်နေတာလဲ..?" အမှန်တကယ်တော့ ကောင်ငယ်လေး စိတ်ထဲ၌ သောက်ကလေးက ဘယ်လိုလုပ် ခြံဝန်းပေါ်တက်နိုင်လဲ သိချင်နေယုံသာ...😂😂"မင်းနဲ့ဘာဆိုင်လဲ...ပြီးတော့ ဒါငါ့ခြံဝန်း မင်းခြံဝန်းမဟုတ်ဘူး.."
စန်းလန်စိတ်ထဲ၌လဲ ဤအရိုင်းအစိုင်းလေးက ဘယ်အချိန်က သူ၏အိမ်နီးနားချင်းအဖြစ် ရောက်လာလဲဆိုတာ သိချင်နေသည်....(အတော်စပ်စုတဲ့၂ယောက်😂)ကောင်လေးက ကျန်ရှိနေသော သူ၏လက်နှင့် အဝတ်တို့မှ ရွှံ့များကို ခါလိုက်ပြီး ခြံဝန်းရှိရာသို့ လျှောက်လာသည်...ထို့နောက် ခြံဝန်းပေါ်သို့မော့ကြည့်ပြီး..
"ဘာပဲဖြစ်ဖြစ် မင်းအဲ့သည်နေရာကို ဘယ်လိုတက်သွားတာလဲ..? လှေကားနဲ့လား..?"သေချာတာပေါ့ သူက လှေကားနဲ့တက်တာလေ😂ဒါပေမဲ့ပြောစရာလား...
"ဘာလို့ပြောပြာရမှာလဲ..?ဒါနဲ့ မင်းက ဘယ်တုန်းက ဒီကိုရောက်လာတာလဲ..?"
"မနေ့ကရောက်တာ...မင်းက တစ်ယောက်တည်း ကစားတာလား..?"ကောင်လေးက မျှော်လင့်ချက်ပြည့်နေသော မျက်ဝန်းတို့ဖြင့် ကြည့်ရင်းမေးနေ၏...သူ၏မျက်ဝန်းတို့၌လည်း အထီးကျန်မှုတို့ကို စန်းလန်မြင်တွေ့နေရသည်..
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
RomanceI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...