Part-15 *လင်လုဘက်*

328 47 9
                                    

[Zawgyi]
"အ​ဖေ...စာက​လေးက ဘယ်သူလဲ..?" ယွင်စန်းလန် သိချင်စိတ်ဖြင့် ​မေးလိုက်၏...
ထို့အပြင် သူမ၏အ​ဖေ ပထမဆုံးအကြိမ် စိတ်လှုပ်ရှား​နေသည်ကို ​တွေ့လိုက်ရ​လေသည်....

ယွင်ယာကျွင်းမှာ စိတ်လှုပ်ရှား​နေ​သော ​လေသံဖြင့်...
"စာက​လေးဆိုတာ လွန်ခဲ့တဲ့​နှစ်​တွေအများကြီးတုန်းက အ​ဖေ့ကိုကယ်ခဲ့တဲ့ သိုင်းပညာရှင်တစ်​ယောက်ပဲ..."..​ပြော​နေရင်း ယွင်စန်းလန်အား စူးစိုက်ကြည့်ကာ..."မရိုမ​သေ မလုပ်မိ​စေနဲ့..."

မုတ်ဆိတ်​မွေးတို့ဖြူဆွတ်​နေ​လေ​သော အသက်၇၀အရွယ် လူအိုကြီးတစ်​ယောက်နှင့် သူ၏​နောက်မှ နတ်သား​လေးလို ​ချော​မောလှစွာ​သော ၇နှစ်၈နှစ်အရွယ် ​ကောင်​လေးတစ်​ယောက်တို့သည် ခန်းမတွင်းသို့​ဖြေးညှင်းစွာ ဝင်​ရောက်လာ၏....စာက​​လေးမှာ ဆုထန်းကဲ့သို့ပင် တူညီ​သော အဝတ်အစားတို့ကို ဝတ်ဆင်ထား​ကြောင်း ယွင်စန်းလန်​တွေ့လိုက်ရသည်...သို့​သော် စာက​လေး၏ဝတ်စုံမှာ ဆုထန်းထက် ပို၍ သပ်ရပ်သန့်ရှင်း​နေ​လေသည်....

စာက​လေး​နောက်မှလိုက်လာ​သော ​ကောင်ငယ်​လေးမှာ လူအုပ်ကြီးကိုကြည့်ကာ ထူးခြား​သောတစ်စုံတစ်​ယောက်ကို ရှာ​ဖွေရင်း အ​တွေးများ​နေ​၏

"​တွေ့ရတာ ဝမ်းသာပါတယ် စစ်သူကြီး.."

ယွင်ယာကျွင်းမှာ ချက်ချင်းထကာ အရိုအ​သေ ​ပေးလိုက်ပြီး...
"လူကြီးမင်းက ကျွန်​တော့်ရဲ့ အသက်သခင်​ကျေးဇူးရှင်ပါ....သည်လိုတရိုတ​သေလုပ်ဖို့မလိုပါဘူး....​ပြီး​တော့ လူကြီးမင်းကို​တွေ့ရတာ ကျွန်​တော့်အတွက်​တော့ အတိုင်းမသိ ဝမ်း​မြောက်မိပါတယ်...​ကျေးဇူးပြုပြီး သည်ထိပ်ဆုံးထိုင်ခုံမှာ ထိုင်လိုက်ပါ.."

စာက​လေးက လက်ကိုခါယမ်းလိုက်ပြီး..
"​ကျေးဇူးတင်ပါတယ်...ဒါ​ပေမဲ့ မထိုင်​တော့ပါဘူး...ကျွန်​တော်က ​တော်ဝင်မင်းသား​လေးရဲ့ ​မွေး​နေ့ပွဲကို ဂုဏ်ပြု​ပေးဖို့​ရောက်လာတာပါ....​လော့​ဆွေ့ ..!!"

လော့​ဆွေ့ ဟူ​သော ​ကောင်ငယ်​လေးက စာက​လေးအား ​ခေါင့်ငြိမ့်ပြပြီး...အဝတ်အိတ်တစ်ခုကို ထုတ်လိုက်၏....ထို့​နောက် ယွင်စန်းလန်ဖြစ်နိုင်မည့်သူထံ ​အနည်းငယ်​တွေ​ဝေစွာဖြင့် လျှောက်သွားကာ....
"ယွင်စန်းလန်...?"

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now