[Zawgyi]
စစ်သူကြီးအိမ်တော်၏ အနောက်ဘက်ခြံဝန်းအလယ်၌ ကျောက်တုံးငယ်တို့ဖြင့်ဝန်းရံကာ ဥယျာဉ်ငယ်တစ်ခုအား ဖန်တီးထား၏....ထိုဥယျာဉ်ငယ်မှာ ဝါးပင်တို့ဖြင့် စိမ်းလဲ့ကာ သာယာနေသလို သစ်ခွပန်းပင်လေးများဖြင့်လည်း ရောင်စုံခြယ်က လှပနေ၏....လေပြေလေညှင်းတို့ တိုက်ခတ်လာလေတိုင်း ဝါးပင်လေးများမှာ သာယာသော လေညှင်းသံစဉ်တို့ကို တီးခတ်ပေးနေသလို သစ်ခွပန်းလေးများ၏ မွှေးရနံ့တို့မှာလည်း ခြံဝန်းနှင့် အိမ်တော်တစ်ခွင်လုံးကို မွှေးကြိုင်နေစေ၏....
အိမ်တော်ရှိ လူများမှာ အိပ်မောကျနေကြကာ တစ်အိမ်လုံးတိတ်ဆိတ်လျက်ရှိ၏..သို့သော် တာဝန်ကျသော အစောင့်များမှာ အိပ်စက်ခြင်းမရှိသလို ၆နှစ်အရွယ်ကလေးငယ်တစ်ယောက်သည်လည်း ယခုထက်ထိအိပ်စက်ခြင်းမရှိသေးပေ...
ယွင်စန်းလန်သည် ပြူတင်းပေါက်မှ တစ်ဆင့် ခြံဝန်းအတွင်းသို့ ငေးမောကြည့်ရှုနေ၏.. ယွင်စန်းလန်ကိုကြည့်ရင်း သက်တော်စောင့်များမှာ မငေးမောဘဲမနေနိုင်ဖြစ်နေလေသည်..... ညအိပ်ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး အားနည်းသည့်အသွင်နှင့် ကလေးငယ်တစ်ယောက်သာဖြစ်သော်လည်း ယွင်စန်းလန်မှာ လရောင်အောက်၌ စွဲမက်စရာကောင်းလောက်အောင် တောက်ပနေလေသည်....
အတန်ငယ်ကြာပြီးနောက် ယွင်စန်းလန်၏ အသံထွက်ပေါ်လာ၏....
"ဘာတွေဖြစ်ခဲ့တာလဲ...?"လွန်ခဲ့သည့် နာရီအနည်းငယ်ခန့်က သူမ၏ သက်တော်စောင့်များသည် တာဝန်ပေးထားသည့် နေရာ၌ ရှိမနေခဲ့ပေ... ပြသနာအချို့ ရှိခဲ့ပေလိမ့်မည်...သို့ကြောင့် သူမ၏ငယ်သားများနှင့် စကားပြောရန် ဆင့်ခေါ်လိုက်ခြင်းဖြစ်၏....
ယွင်ရှုနှင့် ယွင်ဟွား မှာ ဒူးထောက်ချလိုက်ပြီး..
"သခင်...အစောပိုင်းတုန်းက အိမ်ရှေ့စံမင်းသားက နန်းတော်ကိုပြန်တဲ့လမ်းမှာ လူသတ်သမားတစ်ယောက်ရဲ့ ခြုံခိုတိုက်ခိုက်တာကို ခံခဲ့ရပါတယ်...အိမ်ရှေ့မင်းသားရော အစောင့်တွေရော ရှုံးသွားပြီးတော့ အိမ်ရှေ့မင်းသားက ဒဏ်ရာရသွားတယ်...ကျွန်မတို့မကာကွယ်နိုင်လိုက်ဘူး...ကျေးဇူးပြုပြီး ကျွန်မတို့ကို အပြစ်ပေးပါသခင်...."
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
Storie d'amoreI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...
