Part-19 *ချွတ်ပြီး က​နေတာ​လေ*

426 52 12
                                        

[Zawgyi]
စန်းနိုင်ငံရှိ တော်ဝင်မျိုးနွယ်များနှင့် အဆင့်မြင့်မှူးကြီးမတ်ရာ မိသားစုများ၏ ကလေးငယ်များသည် အသက်၆နှစ်သို့ရောက်ရှိသည်နှင့် တော်ဝင်ကျောင်းတော်သို့တက်ရောက်ကာ ပညာသင်ကြားရလေသည်......

ယွင်စန်းလန်သည်လည်း တော်ဝင်ကျောင်းတော်သို့ တက်ရောက်ရမည့် အရွယ်သို့ရောက်ရှိလာလေပြီ.... သို့နှင့် ယွင်ယာကျွင်းသည် မနက်မိုးလင်းသည်နှင့် ယွင်စန်းလန်အား အိပ်ရာမှ နှိုးကာ ဖီးလိမ်းပြင်ဆင်စေပြီး မနက်စာကျွေးကာ တော်ဝင်ကျောင်းတော်သို့ အစောင့်အကြပ်များဖြင့် အတင်းပို့လေတော့သည်..

တော်ဝင်ကျောင်းတော်၏ စာသင်ဆောင်၌...
ယွင်စန်းလန်မှာ ယခုထက်ထိ အပြည့်အဝ မနိုးသေဘဲ အိပ်တစ်ဝက်နိုးတစ်ဝက်ဖြင့် ပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်၏...အတန်းတွင်း၌ သူမနှင့် အရွယ်မတိမ်းမယိမ်း ကလေးငယ်များသာရှိနေရာ စိတ်မဝင်စားတော့ဘဲ ပျင်းရိစွာ သမ်းဝေပြီးနောက် စာသင်ခုံပေါ်  မှောက်အိပ်နေလေတော့သည်....

အမတ်များ၏ သားသမီးများမှာ မှောက်အိပ်နေသော ယွင်စန်းလန်ကိုကြည့်ပြီး သူမအား နှုတ်ဆက်သင့် မနှုတ်ဆက်သင့် တွေဝေနေကြလေသည်... ထိုသည်ကို သတိထားမိသည်နှင့် ယွင်စန်းလန်မှာ ပျင်းရိသောအသံဖြင့်...
"ငါအိပ်ချင်နေတယ်....လာမနှောင့်ယှက်ကြနဲ့...."

သို့နှင့် ကလေးငယ်များသည် ကိုယ့်ထိုင်ခုံ၌ ပြန်ထိုင်နေကြပြီး အရည်အချင်းမရှိသော ယွင်စန်းလန်အား ကြည့်ကာ လှောင်ပြုံး ပြုံးနေကြလေ၏...

"သခင်လေး အစာပြေ မုန့်စားမလား...?"

"စပျစ်သီးဆိုရင်ရော..?အသီးတွေက အရမ်းချိုတယ်နော်..."

ပုံမှန်အားဖြင့် မည်သည့်ကလေးငယ်ကမျှ တော်ဝင်ကျောင်းတော်သို့ အစေခံနှင့် နောက်လိုက်များကို ၁ယောက်ထက်ပို၍ ခေါ်ဆောင်လာခြင်းမရှိပေ... သို့သော် ယွင်စန်းလန်၏ ဘေး၌ အစေခံမလေး ၂ယောက်မှာ ယွင်စန်းလန်ဗိုက်ဆာနေမည်ကို စိုးရိမ်နေသည့် ပုံလေးများဖြင့် မုန့်ပဲသရေစာများ..သစ်သီးများကိုကိုင်ဆောင်က အသင့်စောင့်နေကြလေသည်....စာသင်ဆောင်၏ အနောက်ဘက်ခြမ်း၌လည်း ကြောက်စရာကောင်းသော ယောက်ျားကြီးများမှာ အသင့်ရပ်လျက်စောင့်ဆိုင်းနေကြလေ၏....ထိုသူများမှာ ယွင်စန်းလန်အား ကာကွယ်ရန်လိုက်ပါလာကြသည့် ကိုယ်ရံတော်များပင် ဖြစ်လေသည်....

Fire Phoenix 《မီးလျှံဇာမဏီ》 MM TranslationWhere stories live. Discover now