[Unicode]
စစ်သူကြီးအိမ်တော်...ယွင်စန်းလန်၏ အခန်းထဲ၌....အနီရောင် အဝတ်တို့ကို အစေခံအဝတ်တို့နှင့် လဲလှယ်ထားသော ကောင်မလေးသည် တိတ်ဆိတ်စွာ မတ်တပ်ရပ်လျက်...
သူမလေးသည် ဆံနွယ်တို့ကို သေသပ်စွာ ချည်နှောင်ထားသဖြင့် ရှင်းလင်း လှပသော မျက်နှာသွင်ပြင် နှင့် ကြီးမားဝိုင်းစက်သော မျက်ဝန်းတို့မှာ ပေါ်လွင်နေ၏....နောင်နှစ်အနည်းငယ် ကြာလျှင် ဤကလေးမလေးမှာ လွန်စွာချောမောလှပသော မိန်းမပျိုလေးဖြစ်လာမည်မှာ သံသယဖြစ်စရာမလိုပေ...
၁၂နှစ်ခန့်သာရှိသေးသော်လည်း ကုန်သည်ဝမ်က သူ၏သားနှင့် အတင်းအကျပ်လက်ထပ်ခိုင်းခြင်းမှာ အံ့ဩစရာတော့မဟုတ်....
"သေစမ်း...ကုန်သည်ဝမ်က အရှင်မင်းကြီးကို တကယ်တိုင်ပြောရဲတယ်....အခုတော့ ငါက အပြစ်ပေးခံရပြီး ၁လကြီးတောင် အပြင်မထွက်ရတော့ဘူး....ငါပျင်းပြီး သေသွားနိုင်တယ်....ဟမ့်....သည်အတွက် သင်းရဲ့သားကို ခံစားရအောင်လုပ်ပစ်မယ်.."
ယွင်စန်းလန်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းနေပြီး....အခန်းသို့ ပြန်လာသည့် လမ်းတစ်လျှောက်လုံး ကြိမ်ဆဲနေ၏....သူ၏ဒေါသနှင့် ခေါင်းမာမှုတို့ကြောင့်သာ မဟုတ်လျှင် စန်းလန်မှာ ကောင်းကင်မှ နတ်သားလေးဟု ထင်ရက်စရာပင်...သို့သော်..အကြင်သူမှာကား..နတ်သားမဟုတ်ပေ...
ဘန်း!!!!
အခန်းတံခါးအား ကန်ဖွင့်လိုက်ခြင်းကြောင့် မိန်းကလေးငယ်မှာ လန့်ဖြတ်ကာ အိပ်ယာဘေး၌ ပုန်းကွယ်လိုက်၏..
"မင်းအဲ့သည်မှာ ဘာလုပ်နေတာလဲ..? ခိုးဖို့ကြိုးစားနေတာလား...?"
"မ...မဟုတ်ပါဘူး...သခင်မက..သခင်လေးကိုခစားဖို့ သည်မှာနေခိုင်းလိုက်လို့ပါ..."
မိန်းကလေးငယ်သည် ကြောက်ရွံ့စွာ ဒူးထောက်ရင်း အဖြေပြန်ပေးသည်..."ငါ့အမေက မင်းကိုနေခိုင်းတာ...?"
ယွင်စန်းလန်သည် မိန်းကလေးငယ်အား ငုံ့ကြည့်လိုက်သည်...ကလေးမလေးက ဒူးထောက်နေသဖြင့် သူက အနည်းငယ်ပိုရှည်လေသည်..ဤကလေးမကား အဝတ်အစားလဲထား၍ ယခင်နဲ့တော့မတူတော့ပေ..
YOU ARE READING
Fire Phoenix 《မီးလျှံဇာမဏီ》 MM Translation
Lãng mạnI don't own this story. This is Myanmar Translation. Original Aurthor-Yi Jian Zhong Qing English Translation Team-Secret Robot Unicode+ Zawgi ✌✌ Total parts-278parts《Including Extras》 This is my first time.. So, အမှားတွေပါရင်လာပြောပါ... Original T...