part - 1

12K 207 10
                                    

ရောင်စုံကားများပြေးဆွဲနေသောကားလမ်း
မကြီးတစ်ခု၏ဘေးတွင် လွယ်အိတ်အဖြူရောင်လေးနှင့်ကောင်လေးတစ်ယောက်ရှိနေလေသည်။ပုံစံလေးကထိတ်ထိတ်လန့်လန့်
နှင့် ဖြစ်နေပြီးအရှိန်ပြင်းပြင်းဖြင့် ဖြတ်ပြေးနေသောကားများကိုကြည့်ကာအကူညီမဲ့နေ
ပုံရသည်။

ထို 16 နှစ်အရွယ် ကောင်ငယ်လေးတစ်ယောက်ကို တစ်ဖက်ကားလမ်း၏ စားသောက်ဆိုင်ထဲတွင်ရှိသော 26နှစ်
အရွယ်ကောင်လေးတစ်ယောက်ကလည်း စိတ်ဝင်တစားငေးမောလို့ ကြည့်နေခဲ့သည်။

ထိုကလေးသည် ကားလမ်းမအစပ်ထိတိုး
လာလိုက် အနောက်ကိုပြန်ဆုတ်သွားလိုက်။ဘယ်ကြည့်လိုက် ညာကြည့်လိုက်နဲ့ ကား
တွေနဲ့ ထုတ်စည်းတိုးနေသလိုဖြစ်နေ၏။

ကောင်လေးက ကားလမ်းမကူးတက်ဘူး
ထင်ရသည်။သွားကူလိုက်ရင်ကောင်း
မလား ဒါမှမဟုတ်၊မဟုတ်သေးပါဘူး
ငါနဲ့မှမဆိုင်တာဘဲ။ မကူးတက်ဘဲ ဇွတ်ကူးလာရင်ဒီကောင်လေးကို ကားတိုက်သွားမှလည်းစိုးရိမ်မိသည်။

စသည်ဖြင့် စိုးရိမ်မှု့နှင့် ပူပန်မှု့တို့ရောထွေးနေသည်။သိပ်မကြာလိုက်ပူပန်မှု့များနေသော စိတ်အစဥ်ကကြံရာမရတဲ့အဆုံးသူထသွားတော့၏။

"ဟေ့.. ဒီဝိုင်းရှင်းမယ်"

စားပွဲထိုးတစ်ယောက်ကိုလှမ်းအော်ကာ
ကျသင့် ငွေရှင်းလိုက်ပြီးခြေလှမ်းများကို
ထိုကောင်လေးဆီသို့ ဦးတည်လိုက်သည်။
သူ့ကိုနောက်ကျောပေးထားသောထိုကောင်လေးက သူလာချိန်မှာကားလမ်းအစပ်ကနေပြန်ဆုတ်ပြီး ကားတွေကိုရပ်ကြည့်နေလေသည်။

သိပ်မကြာ သူကိုယ်တိုင်သတိမထားမိလိုက်ခင်မှာပဲထိုကောင်လေးအနားကိုရောက်သွားတာကြောင့် ဘယ်ကနေစကားစပြောရမှန်းမသိပေ။ မေးခွန်းတွေအရမ်းများနေရင်လည်း ကိုယ့်ကို လူလိမ် ကလေးသူခိုးလို့ထင်သွားမှာလည်း စိုးသေးသည်။ကျောင်းသားကျောင်းသူတွေကို ကိုယ့်အိမ်ကမိသားစုနဲ့ကိုယ်ချင်းမစာဘဲ ကလေးခိုးသူများက ကျောင်းဖွင့်ရာသီမှာ အများဆုံးဆိုတော့လည်း။

"ကောင်လေး ...တစ်ယောက်ထဲလား ..."

ရုတ်တရက် သူ့အနောက်ကထွက်လာ
သောစကားသံကြောင့် ထိုကောင်လေးက
သူ့အနောက်ဘက်က ကိုယ့်ကို
လှည့်ကြည့်လာခဲ့သည်။

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now