part - 27

1.7K 74 5
                                    

မော်ကွန်း မိမိလက်ကသွေးစများနှင့် ကြမ်းပြင်ပေါ်က ကြွေကွဲစများကို ကြည့်
ကာနှလုံးသားတို့က တင်းကြပ်နာကျင်နေ
ရသည်။လူနဲ့ စိတ်မကပ်ပုံက ပွင့်လျက်
ရှိနေသော တံခါးမှပြေးဝင်လာသော
အသံ ရှိရာဆီကြည့်လိုက်ပေမဲ့ ဘယ်သူ
မှန်းမသိ။ မိမိသိသည်မှာ ဦးဝေကိုလိုက်
ဖမ်းနေရတယ်ဆိုတာပါပဲ။

"မော်ကွန်း သတိထားအုံးလေ "

အဒေါ်ကြီးက သွေးအိုင်ထဲလဲနေသော
မော်ကွန်းကို စိုးရိမ်ကြ​ီးစွာဖြင့်စစ်ဆေး
ကြည့်ရာ တစ် စုံတစ်ရာ နာကျင်မှုဒဏ်
ရာတို့ မရှိသော်လည်း သွေးစက်တွေက
တော့ တစ်အိမ်လုံးအနှံ့ပြန့်ကျဲလို့နေလေသည်။မော်ကွန်းသတိလစ်သွားပြီ။

အားကိုးတစ်ကြီးနဲ့သားဝေလင်း ပေး
ထားတဲ့ ရုံးဖုန်းကိုဆက်ကြည့်ရာ သား
ဝေလင်းက မရှိဘူးတဲ့။အတွင်းရေးမှူး
သက်ဦး ကတော့ မော်ကွန်းဆီ
ဆရာဝန်နဲ့အတူလာမယ်လို့ ပြောသွား
သည်။

ဒီလောက်ဆို သန့်ရှင်းရေးလုပ်ပြီး စောင့်
နေရုံသာရှိတော့သည်။လူကြီးမိဘပေါ်
ရိုသေပြီး အနစ်နာခံတက်တဲ့ ကောင်
ငယ်လေးဘေးမသီရံမခပါစေနဲ့ကွယ်။
မော်ကွန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်
နေသည်။သက်ပြင်းဖွဖွချ၍ သက်ဦး နဲ့ဒေါ်လေးက ကုတင်ဘေးနားတစ်ယောက် တစ်နေရာစီနဲ့။နှစ်နာရီလောက်ကြာတော့
မော်ကွန်းကမျက်လုံးတွေဖွင့်လာသည်။

သက်ဦး ကစ၍

"သတိရလာပြီလား မသက်မသာ
ဖြစ်နေလား အဆင်ပြေရဲ့လား "

"ကိုသက်ဦး.. ဒေါ်လေး...ဦးဝေရော "

ဒေါ်ကြီးက ရေးရေးလေးပြုံးကာ

"သား ဦးဝေက အိမ်ပြန်မရောက်သေးဘူး သားတို့ရန်ဖြစ်ထားကြတာလား။ ကိုယ်
ထိလက် ရောက်တွေတော့ မလုပ်ကြပါနဲ့
သားတို့ရယ်။ဒေါ်လေးကသားတို့
နှစ်ယောက်ကိုချစ်ချစ်ခင်ခင်ပဲ ရှိနေ
စေချင်တာ "

"ဟုတ်ကဲ့ ဒေါ်လေး။အခုကိစ္စက သားအမှားပါ သားစိတ်နဲ့ကိုယ်နဲ့ မကပ်လို့
လုပ်လိုက်မိတာ။အခုတော့ဟင့်!!! ဦးဝေ
ကသားကိုစိတ်ဆိုးသွားပြီလားမသိဘူး"

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now