သူတို့နှစ်ရက်လောက်ထပ်နေပြီး အား
လုံးကိုမေ့ပစ်ထားခဲ့ကြသည်။နှစ်ရက်ကြာ
ပြီးတဲ့နောက်ဦးဝေကအလုပ်ကိုပစ်ထား၍
မရတာကြောင့်သူတို့ပြန်ရန်သူရကလေ
ယာဥ်လတ်မှတ်များစီစဥ်ပေးနေသည်။
Hotel တွင်ညစာစားရာ ဖြိုးဝေလင်း
ကခပ်လှမ်းလှမ်းမှာရောက်နေတဲ့ သူ
ကြိုက်သောဟင်းပွဲတွေကို ဟိုရွေ့ဒီရွေ့
လုပ်ရင်း ပုစွန်နဲ့ပင်လယ်စာများရော
ချက်ထားသော ဟင်းပွဲက မော်ကွန်းရှေ့
တည့်တည့်ကိုရောက်သွားလေသည်။ေမာ်ကွန်းက ငြိမ်သွား၍ ဖြိုးဝေလင်း
က မျက်မှောင်ကြုတ်သွားသည်။
ဘာဖြစ်မှန်းမသိတာကြောင့်မေးရန်
ပြင်လိုက်ပြီးမှ ပင်လယ်စာတွေကို
ဖြိုးဝေလင်းက သတိထားမိသွား
သည်။တစ်ချိန်ကအမှတ်တရဆိုး
တွေက မော်ကွန်းရင်ထဲရှင်သန်နေဆဲဖြစ်ကြောင်း ဖြိုးဝေလင်းတွေးမိသွား
သည်။ခုတ်သွားတဲ့ပုစိန်က ဘယ်အပင်မှန်း
မသိပေမဲ့ အခုတ်ခံလိုက်ရတဲ့သစ်ပင်
ကတော့ ထိုပုစိန်အားဘယ်သောအခါ
မှ မမေ့ချေ။ဖြိုးဝေလင်း က ပင်လယ်စာတွေကို
တစ်ဖက်ပို့လိုက်ပြီး မော်ကွန်းထဲကို
ဝက်ပင်စိမ်းကြော်များထည့်ပေးလာ
ရင်း စကားဆိုသည်။"ကိုယ် တောင်းပန်ပါတယ်ကွာ "
ရုတ်တရက် တောင်းပန်စကားဆိုလာ
တာကြောင့် မော်ကွန်းကနေရခက်
သည်။"ဘာအတွက်ကိုပြောနေတာလဲ ဦးဝေ"
"အတိတ်အတွက်ရော လက်ရှိအတွက်
ရောပေါ့ ""ဦးဝေ ကျွန်တော့်အပေါ်မှာ ဘယ်လို
အမှားမျိုးမှ လုပ်မထားပါဘူး ""ဘယ်ဟုတ်ပါ့မလဲကွာ ကိုယ်အမှား
တွေအများကြီးလုပ်ခဲ့တာပေါ့။ကိုယ်
အမှန်ကိုမမြင်နိုင်ဘဲ စိတ်တိုဒေါသ
ထွက်လို့ ပြောခဲ့လုပ်ခဲ့တာတွေက
မင်းအတွက်စိတ်ဒဏ်ရာဖြစ်
စေခဲ့လို့ ကိုယ်လေးနက်စွာနဲ့တောင်း
ပန်ပါတယ် ""မဟုတ်..."
ဦးဝေကသူ့ကို လက်ခံစေရန်အလို့ငှာ
သူနားလည်စေမည့်အကြည့်မျိုးဖြင့်
ကြည့်လာသည်။"ကောင်းပါပြီ "
ဦးဝေကို ပြောလို့မရတော့တဲ့အတွက်
မော်ကွန်းက ခေါင်းညိတ်၍သာ
သဘောတူလိုက်ရသည်။
YOU ARE READING
3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)
Fanfictionဤ fuction တွင်ပြင်းထန်သော စကားကြမ်းများပါဝင်သည်။ Warning (🖤20+🖤) Author - Pan Dar