part - 29(1)

2.8K 78 7
                                    

ရုံးခန်း အတွင်းတွင် မော်ကွန်းက
ဖြိုးဝေလင်းဘေးတွင် မတ်တပ်ရပ်၍
ပြောသမျှကိုလိုက်မှတ်နေသည်။ဒီနေ့
လည်းဖြိုးဝေလင်းစိတ်ဆိုးနေသည်။
အဘယ့်ကြောင့်ဆိုသော် မော်ကွန်းက
အမြဲတမ်းသူရအပေါ်တွင်အိပ်ငိုက်
နေသောကြောင့်ဖြစ်သည်။ခြေသံကြား
လို့ ကြည့်လိုက်တော့ တံခါးမခေါက်ပဲ
ဝင်လာသော ကိုသက်ဦး ဖြစ်နေလေ
သည်။

"Boss !"

ဖြိုးဝေလင်းက မေးဟန်မေးငေါ့ပြ
သည်။

"ဒီဇိုင်းဠာနကမန်နေဂျာချုပ်နဲ့  ဝန်ထမ်း
နှစ်ဦးရန်ဖြစ်လို့။မန်နေဂျာချုပ်က
Cival ကခုနှစ်ယောက်မြောက် ရှယ်ယာ
အများဆုံး ဦးလင်းခိုင်ထွန်းရဲ့သားပါ "

"ဘယ်အထပ်မှာလဲ"

"45ထပ်မှာပါ Boss"

ဖြိုးဝေလင်း ချက်ချင်းကုတ်ထဝတ်လိုက်
ကာ ထသွားလိုက်သည်။ထိုနေရာသို့
ရောက်လျှင်ညာဘက်တွင်ရန်ဖြစ်ထား
သော ကောင်လေးနှစ်ယောက် က လက်
နှစ်ဖက်ကို ယှက်ကာ ခေါင်းငုံ့ထားကြ
သည်။ဇေယျာက ဖြိုးဝေလင်း အနား
သို့ကပ်ကာတိုးတိုးလေးကပ်ပြောလေ
သည်။

ဖြိုးဝေလင်း ဘယ်ဘက်မှာ ရပ်နေသော
မထီမဲ့အမြင် အပြုံးများနှင့် ကောင်
ကို ကြည့်ကာ

"မင်းခိုင်ထွန်း မင်းက Company မှာသိပ်မွှေနေတာဆို"

"ဗျ..ဗျာ "

မိမိကို ဆူမည်ဟုလုံးဝမထင်ထားခဲ့၍
မင်းခိုင်ထွန်း ထိတ်လန့်သွားသည်။

"မင်းက company ကို ပျက်စီးစေချင်
နေတာပဲ"

မင်းခိုင်ထွန်းမှာ သူ့ရှေ့တွင်ရပ်နေသော
သူကို ကြည့်၍ဘာပြောရမယ်မှန်းမသိ
ချေ။သူနှင့်အသက်တူအရွယ်တူဖြစ်ပေ
မဲ့အရှိန်ဝါခြင်းကတော့မတူချေ။သူ
ချက်ခြင်းချွေးတွေပြန်လာရသည်။

"မဟုတ် မဟုတ်ပါဘူး Boss သူတို့က
ကျွန်တော့်ကိုစွတ်ဆွဲ..."

"တော်စမ်း "

"Company ကနှစ်ချုပ်စာရင်းတွေ
မညီတာ မင်း လက်ချက်မလား"

"ဗျာ မဟုတ် "

"ငါတို့က တိကျတဲ့အထောက်ထားရလို့
ပြောတာနော် ပြောစမ်း ဘယ်သူခိုင်း
တာလဲ "

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now