part - 3

2.2K 104 0
                                    

"ယောကျာ်းချင်းက ချစ်လို့ကောရလို့လား"

သူအတွေးများနေစဥ် သူ့အဖေအသံကရုတ်တစ်ရက် လွင့်ပျံလာသည်။

"တော်ပြီဖြိုးပိုင် မနက်ဖြန်ကြရင် ငါလာ
ရမဲ့ ဆိုင်လိပ်စာပို့ထားလိုက်။အော်ပြီး
တော့ အချိန်နဲ့တည်နေရာကောပဲ"

"သစ်လွင် မင်း သားလေးကိုပါခေါ်ခဲ့နော်"

သူဖြိုးပိုင်ကို ဘာမှမပြော။

"ကိုယ်စောင့်နေမယ်"

"အင်းဒါပဲ "

မော်ကွန်း လည်းအခန်းထဲဝင်ကာ အံ့သြ
မူက အဆုံးမရှိဖြစ်ပျက်လို့နေတော့သည်။
ထိုအကြောင်းကိုမေ့မေ့ပျောက်ပျောက်ဖြစ်အောင် တခြားစဥ်းစားမိသည်ကလည်း
ဦးဝေ အကြောင်း။

ဦးဝေ ကချောလဲချောသလို သဘောလဲကောင်းပြီး ကြင်နာမူလဲ အပြည့်ရှိသည်။
ဦးဝေ အသက်ရွယ်နဲ့ဆို ကောင်မလေးတွေတော့ဝိုင်းဝိုင်းလည်နေတော့မှာပဲ။
ဦးဝေ ရော ဒီအချိန်ဆိုဘာများလုပ်နေမလဲ။စနေနေ့ကြရင်ရော ဘယ်ကိုခေါ်သွားမှာလဲ။

အစရှိသည်ဖြင့်ဟိုဟို ဒီဒီလျှောက် တွေးရင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့နံနက် တွင်တော့ သူ့အဖေက
သူ့ကိုအိပ်ယာထရန်လာနိူးခဲ့သည်။

"သားလေးထတော့နော်။အဖေတို့အပြင်
သွားစရာရှိတယ်။အဲ့ဒါ သားပါလိုက်ခဲ့
ရမယ်"

မော်ကွန်း အိပ်ယာပေါ်တွင် တွန့်လိမ်
ကောက်ကွေးနေရင်းမှ ပြန်ဖြေလာသည်။

"မလိုက်ချင်ပါဘူးဖေဖေရာ။သားထပ်အိပ်ချင်သေးတယ်။ဖေဖေပဲ သွားလိုက်တော့ ။သားအတွက်မုန့်ဝယ်လာခဲ့"

"မရဘူး မော်ကွန်း ထစမ်း"

ဖေဖေ့ရဲ့ အသံက နည်းနည်းခက်ထန်လာ
ပြီ အခြေနေမကောင်းဘူးထမှဖြစ်မယ်ဆို
တာသူသိလိုက်သည်။

ဟင်း...စိတ်ညစ်တယ်ညတုန်းက လျှောက်တွေးနေတာနဲ့ အိပ်ရေးမဝပါဘူးဆိုနေမှ။

"ဟုတ်ဖေဖေ..သား ထပြီ"

"ပြန်မအိပ်နဲ့နော် "

"သားကျောင်းသွားရဦးမှာ လေ။အဲ့တာ ကျောင်းကို ဘယ်လိုလုပ်ရမှာလဲ"

3. Baby Dear Uncle(ကလေးချစ်တဲ့ဦးလေးကြီး)Where stories live. Discover now